မနက်စာစားမယ်။ နေ့လည်စာ စားမယ်၊ စားပြီဆိုပါစို့။ စားတဲ့အခါ အစာက ပါးစပ်ထဲ
ဝင်လာတယ်၊ ပါးစပ်ထဲ လျှာနဲ့ ထိတွေ့တယ်၊ လျှာနဲ့ ထိတွေ့တဲ့အခါ အရသာ ပေါ်လာတယ်။
အရသာ ပေါ်လာတဲ့အခါ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ဆက်သွယ်မှုကို
အကြောင်းပြုပြီး ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်လာတယ်။ စားလို့ရှိရင်လည်း လျှာရယ်၊ အရသာရယ်၊
လျှက်သိစိတ်ရယ်၊ ထိတွေ့မှု ဖဿရယ်၊ ခံစားမှုဝေဒနာရယ် လာတာပါပဲ။
အေး၊ အဲဒီလိုလာသမျှ သဘာဝတွေကို သိအောင် ကြိုးစားပြီးတော့ မမြဲတဲ့သဘောတွေ
ကို မြင်လာအောင် ကြည့်ရပါမယ်။ မမြဲဘူးဆိုတာနဲ့ ဆင်းရဲမှုဆိုတာလည်း သိလာတယ်။ ဆင်းရဲမှု
ဆိုတာ သိလာတာနဲ့တပြိုင်နက် အတ္တမဟုတ်ဘူးဆိုတာလည်း သိလာတယ်။ မှန်ကန်တဲ့ အမြင်နဲ့
ရှုမှတ်ရပါမယ်။ ဒီ သဘာဝ တရားတွေဟာ ငါလို့ ပြောစရာလည်း တစ်ခုမှမရှိဘူး၊ ငါ့ဥစ္စာလို့ ပြော
စရာလည်း တစ်ခုမှမရှိဘူး။ အခိုက်အတန့် အကြောင်းကြောင့် ပေါ်လာပြီး သူ့ဟာသူ ပျက်သွားတာ
ဖြစ်ပါတယ်။
အဲတော့ အဲဒီ သဘာဝတရားတွေ အားလုံးဟာ မမြဲတဲ့ သဘာဝတရားတွေ။ မမြဲသည့်အ
တွက်ကြောင့် ဒုက္ခဖြစ်တဲ့ သဘာဝတရားတွေ။ ဒုက္ခဖြစ်သည့်အတွက်ကြောင့် အတ္တမဟုတ်တဲ့
သဘာဝတရားတွေကို “ငါ၊ ငါ့ဟာ” လို့မရှုရဘူးတဲ့။ “ငါ၊ ငါ့ဟာ” မဟုတ်ဘူးလို့ ရှုမြင်ရမယ်လို့
မြတ်စွာဘုရားက ရှင်အာနန္ဒကို ၀ိပဿနာ ကမ္မဋ္ဌာန်း တရားကို ဟောပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့လည်း ၀ိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲ
တရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့
တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
{ ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊
(၁၆)ရပ်ကွက်၊ ဓမ္မသဘင် အခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်
သော “အရှင်အာနန္ဒ ၏ ၀ိပဿနာ” တရားဒေသနာတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment