March 23, 2015

ကာမသုခလ္လိကအကျင့်။


      ကာမချမ်းသာကို ခံစားတတ်သော လူဝတ်ကြောင်များသည် မိမိတို့ကာမစိတ် အလို
ကျအောင် လှပသောအဆင်း၊ သာယာသောတီးမှုတ်သံ၊ မွှေးကြိုင်သောအနံ့၊ အရက်သေစာ
မှစ၍ အစားအသောက်မျိုးစုံဖြင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ထိကာ မိုးမဆုံးမြေမဆုံး
ခံစားဖွယ်တွေကို မြေပေါ်မြေအောက်မကျန် ရနိုင်သမျှခံစားကြ၏။ ထိုကာမစိတ် အလိုလိုက်

သောအကျင့်သည် လူလယ်ကောင်၌ မပြုရဲကြ အိမ်သူအိမ်သားတွေရဲ့အကျင့်သာ ဖြစ်၏။
အထက်တန်းကျသော အနာဂါမ်၊ ရဟန္တာများ၏ အကျင့် မဟုတ်ကြပေ။
         ဤအကျင့်သည် ကာမရာဂမကုန်သေးသူတို့အတွက် “အကောင်းကြီး”ဟု ထင်ရသော်
လည်း ရာဂကုန်နေသူတို့အတွက်မှာ စိတ်ပျက်ဖွယ်သာဖြစ်၏။ ဥပမာ  ခွေးဘ၀ဖြစ်ခိုက်၌ မစင်
ကို အလွန်နှစ်သက်သော်လည်း ခွေးဘ၀မှလွတ်၍ လူဖြစ်လာသောအခါ မစင်သည် စက်ဆုတ်
ရွံရှာဖွယ် ဖြစ်သကဲ့သို့ပင်တည်း။ ထို့အတူ ကာမရာဂကင်း၍ အကောင်းကြီးထင်ရသော ကာမ
ခံစားမှုသည် ကာမရာဂ ကင်းကွာပြီးသော အနာဂါမ်ဖြစ်လျှင် ရွံဖွယ်ဟုသာ ထင်မြင်လေတော့
သည်။ ထိုအကျင့်ကို လိုက်စား၍ လောကအကျိုး၊ သံသရာအကျိုးတိုးပွားသည်ဟု မရှိ။ စင်စစ်
တော့ ထိုအကျင့်ယုတ်ကို အားထုတ်လိုက်စားသူတို့မှာ  ဉာဏ်ပညာ မတိုးပွားသည့်ပြင် နဂိုရှိသ
မျှ ပညာဉာဏ်သည်ပင် ထိုင်းမှိုင်းတတ်သေး၏။ ထို့ကြောင့် ထိုကာမသုခလ္လိကာအကျင့်ကို 
ရသေ့၊ ရဟန်း သူတော်စင်ဟူသမျှတို့ ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြရပေသည်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ သစ္စာလေးပါးတရားတော်နှင့် ငါသေရင် သပိတ်မသွတ်နဲ့မှ 
  ကူးယူရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment