March 15, 2015

ကံ၏သဘော။


သန္တာနေဒံ ကမ္မံ နာမ, န နိရုဇ္ဈတိ သဗ္ဗသော၊
သဝိသေသံ နိဒေတွာ ဟိ, သမယမှိ ဝိပစ္စိတုံ။

သန္တာနေ-ရုပ်နာမ် ခန္ဓာ အစဉ်၌၊ ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး 
ဤစေတနာတရားမျိုးသည်၊ နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊ 
သဗ္ဗသော-ကြွင်းမဲ့ဥဿုံ အရှိန်ကုန်အောင် လုံးစုံခပင်း မချန်ခြွင်းဘဲ၊ န နိရုဇ္ဈတိ-ပြီးပြီးပျောက်
ပျောက် အနေရောက်အောင် ချုပ်ပျောက်ပျက်စီး၍ အချည်းနှီးမဖြစ်ရချေ။ သမယမှိ-အကြောင်း
သင့်၍ အခွင့်သင့်ရာ အချိန်အခါ၌၊ ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးဖို့ရာ၊ 
သဝိသေသံ-မိမိတွက်တာ မပျက်သာအောင် ထက်စွာကျစ်လစ် သတ္တိနှစ်ကို (သတ္တိဓာတ်ကလေးကို)၊ 
နိဒေတွာဟိ-အတွင်းသန္တာန် အရင်းခံလျက် သွင်းနှံမြှုပ်ထားပြီး၍သာလျှင်၊ နိရုဇ္ဈတိ-ဥပါဒ် ဌီ ဘင် 
အစဉ်စေ့ရောက် ချုပ်ပျောက် ပျက်စီးရလေသတည်း။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)

No comments:

Post a Comment