March 3, 2015

ပညာရဲ့ အကျိုး။


      ပညာဉာဏ်အကြောင်းပြုပြီးတော့ “ငါလေ .. ရှေးကံကောင်းလို့မို့ ဉာဏ်ပညာတွေ ထက်လာ
တယ်၊ အသိဉာဏ်တွေ ကြီးလာတယ်၊ ဒါကြောင့် ငါဟာ ဉာဏ်ပညာမရှိတဲ့သူတွေ ဉာဏ်ပညာရှိလာ
အောင် ပညာသင်ပေးမယ်။ ပြောဟောပေးမယ်။ ဆုံးမပေးမယ်”။ ဒီလိုဆိုလို့ရှိရင် ပညာတွေကြီးလို့ 

ဘုရားအလောင်းတော်တို့လို ပုဂ္ဂိုလ်တွေဖြစ်လို့ သိပ်ကောင်းတာပဲ။

ဒီလိုမှ မဟုတ်ဘဲနဲ့ ဉာဏ်ပညာအကြောင်းပြုပြီးသကာလ မာနကြီးပြီးတော့ သူများအထင်သေးလို့၊ 
သူများဉာဏ်ပညာညံ့တဲ့ဥစ္စာပဲ ပြောလို့ စောင်းလို့ လုပ်လို့ရှိရင် ကိုယ်ဟာ ဘဝသံသရာမှာ ဉာဏ်ပညာ
ညံ့ဖျင်းတဲ့သူ ဖြစ်ရမယ်။

အဲဒီလို မဖြစ်ရအောင်လေ ကံကို အင်မတန် နားလည်ဖို့ ကောင်းပါတယ်။
ကံဆိုတာ စေတနာကို ခေါ်တယ်။
အဲဒီ စေတနာဟာ သံသရာမှာ ဘဝဆက်တိုင်း လိုက်မယ်။
ဘဝဆက်တိုင်းလိုက်ပေမယ်လို့ ကောင်းကံ မကောင်းကံဟာ “ကာလ, ဂတိ, ဥပဓိ, ပယောဂ”လိုက်ပြီး 
ကောင်းကျိုး မကောင်းကျိုး ပေးတာဖြစ်လို့ -
= ကာလကောင်း
= ဂတိကောင်း
= ဥပဓိကောင်း
= ပယောဂကောင်းတွေ ဖြစ်အောင် ကြိုးစားအားထုတ်နိုင်သော အမျိုးကောင်းသား အမျိုးကောင်း
သမီးများ ဖြစ်ကြပါစေကုန်သတည်း။

  {  http://lokachantha.blogspot.com (အရှင်ဇနကာဘိဝံသ ) မှ ကူးယူ ပူဇော်ပါသည်။ }
  
 ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment