September 1, 2014

ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်။

   လောက၌ ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်တစ်မျိုးပင် ရှိသေး၏။ ထိုပုဂ္ဂိုလ်မျိုးကား ယခု
ဘ၀၌ပင် ခန္ဓာဝန် လက်စသိမ်း၍ အေးငြိမ်းအောင် တရားအားထုတ်နေသော ယောကီပုဂ္ဂိုလ်
ကြီးတည်း။ ထို ပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထို ဒါနပြုနေသည့် အတောအတွင်း၌ ကမ္မဌာန်း အား
ထုတ်မှု လစ်ဟင်း၏။ ထို့ကြောင့် ယနေ့ နက်ဖန်ဆိုသလို တရားထူးရအောင် အားထုတ်နေသော
ပုဂ္ဂိုလ်အတွက် ဒါနပြုဖွယ် မလိုပါ။
         ငါတို့ .. ဥပဇ္ဈာယ်ဆရာ မဟာဂန္ဓာရုံဆရာတော်ဘုရားအထံ၌ မန္တလေးမှ ဒါန၀ါသနာပါ
သော ဆရာတော်ကြီးတစ်ပါး ကမ္မဌာန်းအားထုတ်နေစဉ် နံနက်စောစော၌ ဘုရားကပ်လှူရန်
ပန်းကောက်နေသည်ကို ဆရာတော်မြင်၍ “ ပန်းကို နောက်မှလှူပါ၊ တရားအားထုတ်သည့်အခါ
တရားကိုသာ ကြိုးစားတော်မူပါ ” ဟု တောင်းပန်ဖူးလေသည်။
         မဟာဂန္ဓာရုံဆရာတော်ကို
ယ်တိုင်ကလည်း ခန္ဓာဝန် လက်စသိမ်း၊ မသိမ်း မသိရသော်
လည်း အားထုတ်တော်မူစဉ်ကပင် အမှန်ပင် လက်စသိမ်းအောင် အားထုတ်ခြင်း ဖြစ်သည်။ ထို
မျှ အားထုတ်သော ဆရာတော်သည်ပင် ဂူအောင်း၍ ထွက်တော်မူပြီးနောက် ရရှိသမျှ လာဘ်
လာဘတို့ကို ဝေဖန်ခွဲခြား၍ ဒါနပြုတော်မူပါသည်။
         ထို့ကြောင့် တရားထူးတရားမြတ်ပေါက်အောင် အားထုတ်နေခိုက်၌ ဒါနပြုဖွယ် မလိုပါ။
အခြားအခါနှင့် အခြားသူများမှာ နေ့ရှိသမျှ ဒါနပြုသင့်ကြပေသည်။ (တရားအားထုတ်နေခိုက်
ရရှိသော ကုသိုလ်ကောင်းမှုသည် အသာဆုံးအမြတ်ဆုံး ဖြစ်သည်။)
 {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment