May 23, 2014

သိဒ္ဓတ္ထမင်းသား အလေးအနက်ထားပြီး ဆင်ခြင်တော်မူခဲ့သည့် တရားတော်။

    ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင်
သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင်  မင်းသမီးပေါင်း    လေး
သောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ် ကာမဂုဏ် အာရုံများဖြင့် ပျော်
မွေ့ နေတယ်။ တစ်နေ့ သောအခါ  ဥယျာဉ်တော်သို့  အခြွေအရံများနဲ့ တကွ ပျော်ပွဲစားထွက်

တော်မူတယ်၊ အဲဒီအခါ လမ်းခုလတ်မှာ သူအိုကို တွေ့ မြင်ရတာနဲ့  သံဝေဂဖြစ်ပြီး ဆက်မသွား
ဘဲ၊ ပြန်လှည့်လာခဲ့တယ်။ နောက်တစ်ကြိမ် ထွက်တဲ့အခါ သူနာကိုတွေ့ တယ်၊ နောက်တစ်ကြိမ်
သူသေကိုတွေ့ တယ်၊  အဲဒီလို တွေ့ မြင်ရတဲ့ အခါများမှာလည်း သံဝေဂတွေဖြစ်ပြီး  ပြန်လှည့်
လာခဲ့ပါတယ်။
      ဘုရားလောင်းက စဉ်းစားပါတယ်၊ အိုကြရ၊ နာကြရ၊ သေကြရ၊ တယ်ပြီးဆင်းရဲကြပါလား။
အဘယ်ကာလကျမှ အို၊နာ၊သေ ဆိုသော ဒုက္ခဆင်းရဲ အစုကြီးမှ လွတ်မြောက်ကြောင်း တရား
သည် ထင်ရှားကြပါလိမ့်မလဲ? ဟု ဆင်ခြင်စဉ်းစားတော်မူပါသည်။
      ထိုကဲ့သို့  ဆင်ခြင်တော်မူသောအခါ၊ ဘု
ရားလောင်း၏ ဉာဏ်တော်ထဲမှာ..သြော် ဇာတိရှိ
လို့  အိုကြရ၊ နာကြရ၊ သေကြရတာပဲလို့ ၊ အို၊ နာ၊ သေရဲ့  လက်သည်ကို သွားတွေ့ ပါတယ်။
ထိုကဲ့သို့  ”ဇာတိပစ္စယာ ဇရာ မရဏ” ရဲ့ လက်သည်ကို သွားတွေ့ တာဟာ သူတစ်ပါးထံမှ နည်း
ရလို့  မဟုတ်ပါ။ ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်တိုင်ထိုးထွင်းပြီး သိတာ ဖြစ်ပါတယ်။ နောက် ဆက်၍
ဆင်ခြင်ပြန်သောအခါ-ဒီဇာတိဟာလဲ အကြောင်းမဲ့ဖြစ်တာ မဟုတ်။ အကြောင်း ရှိရဦးမှာပဲလို့ 
ဆင်ခြင်သောအခါ ဇာတိဖြစ်ကြောင်းဟာ ကမ္မဘ၀ပဲဟု သွားတွေ့ ပါတယ်။ နောက်.. ဆက်ပြီး
ဆင်ခြင်သောအခါ ကမ္မဘ၀ဖြစ်ကြောင်းသည် ဥပါဒါန်ပဲ၊ ဥပါဒါန်ဖြစ်ကြောင်း တဏှာပဲ၊ တဏှာ
ဖြစ်ကြောင်းသည် ဝေဒနာပဲ။ ဝေဒနာဖြစ်ကြောင်းသည် ဖဿပဲ၊ ဖဿဖြစ်ကြောင်းသည် သဠာ
ယတနပဲ၊ သဠာယတနဖြစ်ကြောင်းသည်  နာမ်ရုပ်ပဲ၊ နာမ်ရုပ်ဖြစ်ကြောင်းသည် ၀ိဉာဏ်ပဲ၊  ၀ိ
ဉာဏ်ဖြစ်ကြောင်းသည် သင်္ခါရပဲ၊ သင်္ခါရဖြစ်ကြောင်းသည် အ၀ိဇ္ဇာပဲ  ဟူ၍  ဇရာ-မရဏဖြစ်
ကြောင်း၊ ပင်ရင်းလက်သည် အစစ် အ၀ိဇ္ဇာကိုသွားတွေ့ပါသည်။
      အင်း...ဒီအ၀ိဇ္ဇာ မပယ်နိုင်သရွေ့ သင်္ခါရတွေ ပြုကြဦးမှာပဲ၊ သင်္ခါရပြုသရွေ့ ၀ိဉာဏ်တွေ
ရကြဦးမှာပဲ၊ ၀ိဉာဏ်တွေရသရွေ့ နာမ်ရုပ်တွေ ဖြစ်ကြဦးမှာပဲ စသည်ဖြင့် ဆက်၍ ဆင်ခြင်ပြန်
သောအခါ နောက်ဆုံး ဇရာ-မရဏမှာပဲ လမ်းဆုံးကြမှာပဲလို့ ထိုးထွင်း၍ သိတော်မူပါသည်။
သြော်...ဇရာမရဏဟာ ဇာတိအကြောင်းခံကြောင့် ဖြစ်ရတာဟူ၍ ဓမ္မစက္ခုခေါ်သော ထိုးထွင်း
၍ သိသောဉာဏ် ဖြစ်ပေါ်လာပါတယ်၊ ဆက်လက်ပြီး ဆင်ခြင်ပြန်သောအခါ အ၀ိဇ္ဇာချုပ်ရင်
သင်္ခါရချုပ်မှာပဲ၊ သင်္ခါရချုပ်ရင် ၀ိဉာဏ်ချုပ်မှာပဲ၊ ---ဇာတိချုပ်ရင် ဇရာ-မရဏချုပ်မှာပဲ ဟူ၍
အသိဉာဏ်တွေ ပေါ်လာပါတယ်။
      သို့အတွက် ဘုရားလောင်းဘ၀မှာ အလေးအနက်ထားပြီး ဆင်ခြင်တော်မူတဲ့ တရားသည်၊
ပဋိစ္စသမုပ္ပါဒ်တရားပဲ ဆိုတာ အလွန်ထင်ရှားလှပါသည်။ သူတော်ကောင်းတို့လည်း ဆင်းရဲငြိမ်း  
 ရာ မြတ်နိဗ္ဗာန်ဆီသို့ လျှောက်လှမ်းနိုင်ကြပါစေ သတည်း။ ။
{၁၉၉၁-ခုနှစ်  ဒီဇင်ဘာလ ဇနိတာရာမကျောင်းတိုက်   ဆရာတော် ဦးဇနိတာလင်္ကာရ   
ရေးသားသော  ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။ ။ )

No comments:

Post a Comment