မြတ်စွာဘုရားက လောကီ လောကုတ္တရာနှစ်ဖြာ ကြီးပွားဖို့အတွက် အင်္ဂါနှစ်ချက် ဖေါ်ပြ
ထားတာ ရှိတယ်။
၁။ မိတ်ကောင်းဆွေကောင်း ရှိရမယ်။ ဒါက အပြင်ဘက်က အကြောင်းတရား
( External Condition ) ပေါ့။
၂။ “ယောနိသော မနသိကာရ” မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်တတ်မှု။ ဒါက အတွင်း
ဘက် အကြောင်းတရား (Internal Condition) ပေါ့။ အပြင်အကြောင်းတွေက ဘယ်
လောက်ကောင်းကောင်း “ယောနိသော
မနသိကာရ” ဆိုတဲ့ အတွင်းအကြောင်း
(Internal Condition) မကောင်းဘူး ဆိုရင် ကြီးပွားတိုးတက်မှု မရနိုင်ဘူး။ အတွင်း
အပြင် ဘက်စုံကောင်းဖို့ လိုအပ်တယ်လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။ ။
{ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း
သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ
ဝံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကူးယူရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment