May 21, 2014

မနာလိုစိတ်၏ ထွက်ပေါက်များ။

လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲက
ဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊
ဝမ်းမသာနိုင်ကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။

အဲဒီ jealousy ဆိုတဲ့ သဘောတရားဟာ သူတစ်ပါးအောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ပျော်မွေ့
မှု မရှိဘူး၊ အဲဒါလည်း စိတ်ရဲ့ emotion တစ်ခုပဲ။
         အဲဒီအရာတွေ ဖြစ်လာပြီဆိုရင် jealousy တွေ ဖြစ်တယ်။ ထို jealousy တွေ လွှမ်းမိုးလာတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ သူများကိုတောင် အန္တရာယ်ပြုတတ်တယ်။ တစ်ခါတုန်းက အမေရိကန်နိုင်ငံ
မှာ စကိတ်စီးတဲ့ အမျိုးသမီးချန်ပီယံတစ်ယောက်က သူနဲ့ယှဉ်ပြိုင်မယ့်သူကို သူ့ရထားတဲ့ ချန်ပီယံ
သရဖူကို လက်မလွတ်ချင်တာနဲ့ လူဆိုးကို ပ်ုက်ဆံပေးငှားပြီး အဲဒီအမျိုးသမီး ခြေထောက်ကို ရိုက်
ချိုးခိုင်းတယ်။ ဒါ လောကမှာ တကယ်ဖြစ်တာပါ။
         အဲဒါမျိုးဟာ  jealousy ကြောင့် ဖြစ်ရတာပါ။ အဲဒီလို jealousy ဖြစ်လာတာဟာ ကောင်းသ
လားဆိုတော့ မကောင်းဘူး၊ တော်တော်ဆိုးတဲ့ဟာ၊ သူများရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး မခံနိုင်တဲ့
သဘော။ အဲဒီ မခံနိုင်တဲ့ emotion လို့ခေါ်
တဲ့ စိတ်ရဲ့ဖိစီးမှု ဖြစ်လာလို့ရှိရင် ဘာနဲ့ထွက်ပေါက်ရှာမ
လဲဆိုရင် မုဒိတာတရားပွားများခြင်းဖြင့် ထွက်ပေါက်ရှာရမယ်တဲ့။
         မုဒိတာတရား ပွားများချင်လို့ရှိရင် အောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး “ယထာ
လဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု” “ရ,ထားတဲ့ စည်းစိမ် အခြေအနေတွေက၊ အောင်မြင်မှုတွေက ဘယ်
တော့မှ ဆုတ်ယုတ် မသွားကြပါစေနဲ့၊ ထာဝရပျော်နိုင်ကြပါစေ၊ ထာဝရရွှင်လန်းနိုင်ကြပါစေ၊ ရရှိ
ထားတဲ့ အခြေအနေကောင်းတွေက ဆုတ်ယုတ်ပျက်စီး မသွားကြပါစေနဲ့”၊ အဲဒီစိတ်ဓာတ်လေးကို
လေ့ကျင့်ပေးရမယ်တဲ့။ လေ့ကျင့်ပေးလို့ရှိရင် ခုနပြောတဲ့ သူများစည်းစိမ်နဲ့ ပတ်သက်ပြီးတော့
အကောင်းမပြောနိုင်တဲ့ “အရတိ” ဆိုတဲ့ မပျော်မွေ့နိုင်တဲ့ မနာလိုစိတ်ရဲ့ ထွက်ပေါက်ကို ရသွားမှာ
ဖြစ်ပါတယ်၊ ဒါ “မုဒိတာ” ဆိုတဲ့ ထွက်ပေါက်ဟာ မနာလိုစိတ်ကို ပယ်ဖျောက်နိုင်ပါတယ်။
{ ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်း
    လမ်း၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “စိတ်၏ ထွက်ပေါက်များ” တရား
       တော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment