October 10, 2016

ကုသိုလ် အကုသိုလ် အကျိုးပေးကိုမသိရင် ကိုယ့်ကို ကိုယ် အဟုတ်ကြီးထင်နေမယ်


လက်ရှိ ဘ၀ မှာ အကုသိုလ် မလုပ် တာနဲ့ နောက်ဘ၀ သုဂတိ ဘုံကိုရောက်မယ်လို့ 
တထစ်ချ တွက်လို့ မရနိုင်ပါဘူး။  အကြောင်းရင်းကတော့.........

ကုသိုလ် ပြုရင် ပဲဖြစ်ဖြစ် အကုသိုလ် ပြုရင်ပဲဖြစ်ဖြစ်  ဇော(၇)ကြိမ်  ဖြစ်တယ် ဆိုတာလေးကြောင့်ပါ။

ဇော (၇)ကြိမ်  မှာ  ပထမ ဇော က လက်ရှိဘ၀ မှာ အကျိုးပေးပါတယ်။
သတ္တမ ဇော က ဒုတိယ ဘ၀ မှာ အကျိုးပေးပါတယ်။
အလယ်ဇော (၅)ချက်က  သံသရာမှာ ကျင်လည် နေသမျှ ကာလ  ပတ်လုံး သူ အကျိုးပေးချင်တဲ့
ဘ၀ မှာ လာပြီး အကျိုးပေးမှာဖြစ်ပါတယ်။
ကုသိုလ် ပဲဖြစ်ဖြစ် အကုသိုလ် ပဲဖြစ်ဖြစ် အကျိုးပေးမှာ ဖြစ်ပါတယ် ။

ဒါကြောင့်မို့  လက်ရှိဘ၀ မှာ အကုသိုလ် မလုပ်ဘူး ဆိုတာ နဲ့နောက် ဘ၀သုဂတိဘုံကိုရောက်မယ်လို့
မထင်လိုက်ပါနဲ့.... အရင့် အရင် ဘ၀ က ပြု ခဲ့တဲ့ ကုသိုလ် အကုသိုလ်  တွေ  ရဲ့ အကျိုးပေး က
ဘယ်လိုလာမယ်ဆိုတာ မသိနိုင်တဲ့ အတွက် ကြောင့်  ကိုယ့် ကို ကိုယ်   အဟုတ် ကြီးမထင်လိုက်
ကြပါနဲ့ လို့ သတိပေးချင်မိပါတယ်။

အောက်ဆုံး တစ်မဂ် လောက်ရပြီးမှ  ပျော်ပျော်ကြီး နေသွားကြဖို့ ကို ပဲ လေးလေးနက်နက်
တိုက်တွန်းလိုက်ချင်ပါတယ်။

အရိယာ သူတော်ကောင်းတို့ နဲ့ ပေါင်းဖေါ်ယှဉ်တွဲ မှီဝဲရပြီး သစ္စာတရားကို သိမြင်နိုင်ကြသူများ
ဖြစ်ကြပါစေ......


No comments:

Post a Comment