October 20, 2016

ပညာရှိသောသူမည်သည်


ချစ်သားဥဂ္ဂသေန  ပညာရှိသောသူမည်သည်

ဖြစ်ပြီးသောခန္ဓာငါးပါး ။ဖြစ်လတ္တံ့ သောခန္ဓာငါးပါး
ဖြစ်ဆဲသောခန္ဓာငါးပါး တို့ ကိုတွယ်တာငြိကပ်
တပ်မက်မှူကိုပယ်စွန့် ၍
ဇာတိ ဇရာ မရဏ ဒုက္ခ စသည်တို့ မှ
လွတ်မြောက်အောင် ကြိုးကုတ် အားထုတ်သင့်လှပေ၏ ။

ဘုရားရှင်၏ ဒေသနာတော်အဆုံး`၌ ဥဂ္ဂသေန သည် ၀ါးလုံးထိပ်`၌ ရပ်တည်ရင်းပင် ပဋိသမ္ဘိဒါဝတ္တ
ရဟန္တာဖြစ်သွားလေသည်။

ဆန္ဒဓိပတိ ၀ီရိယဓိပတိ လွန်စွာအားကောင်းသောကြောင့် ဇာတိ ဇရာ မရဏ ဒုက္ခတို့ မှ လွတ်မြောက်
၍ အရဟတ္တဖိုလ်ပေါက်ရောက်ခဲ့၏။

ပါရမီဆိုသည်မှာ သူတော်ကောင်းတို့ ၏ အလုပ်ဖြစ်သည်။ သူတော်ကောင်းအလုပ်ကိုလုပ်ခြင်းဖြင့်
နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်၏။သူတော်ကောင်းအလုပ်ကို မလုပ်ပဲ နိဗ္ဗာန်သည် မရောက်နိုင်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ပါရမီတော်ပြည့်နေပြီ ဆိုပြီး တရားအလုပ်အားမထုတ်ပဲ
ဘုရားဖြစ်ခဲ့သည်မဟုတ်။တရားအားထုတ်ခြင်းသည် ပါရမီ ပါမှ ရသည်ဟု ပေါ့ပေါ့ မနေသင့်။
ပါရမီသည် လုပ်ဆောင်နေလျှင် ပါရမီ ထိုက်သည် မလုပ်ဆောင်လျှင် ပါရမီ မထိုက်။ပါရမီထိုက်သူ
ဖြစ်အောင် အားထုတ်လုပ်ဆောင်ရမည်။

သာသနာတော်နှင့်လည်းကြုံတွေ့ ပြီး သစ္စာတရားများထွန်းကားနေသည့်အခါကာလ`၌ သစ္စာတရားများနာကြားခြင်း သစ္စာသိအောင်အားထုတ်ခြင်းအမှူကိုပြုလုပ်ခြင်းသည်
ပညာရှိသောသူမည်ပါသည်။

ပညာရှိတို့ ၏ လမ်းစဉ်ဖြင့် နေထိုင်ပြီးတန်ဖိုးရှိသောသူဖြစ်အောင်ကြိုးစားနိုင်ကြပါစေ


No comments:

Post a Comment