June 2, 2016

တမာရွက်ဥပမာ။ တခါ တမာရွက်အစိမ်းသုပ်လိုက်တာ။ မြေပဲဆန်လည်းမထည့် ဒီတိုင်းပေါ့ ။ဒီတိုင်းထည့် သုပ်လိုက်တာ။အဲတော့ စားကြည့်တဲ့အခါ စားစရှိတဲ့ပုဂ္ဂိုလ်ကတော့ ခံတွင်းသာလို့နေတာပေါ့။အခုမှ ခံတွင်းသာတယ်…

တမာရွက်ဥပမာ။
###########

တခါ တမာရွက်အစိမ်းသုပ်လိုက်တာ။ မြေပဲဆန်လည်းမထည့် ဒီတိုင်းပေါ့ ။ဒီတိုင်းထည့် သုပ်လိုက်တာ။အဲတော့ စားကြည့်တဲ့အခါ စားစရှိတဲ့ပုဂ္ဂိုလ်ကတော့ ခံတွင်းသာလို့နေတာပေါ့။အခုမှ ခံတွင်းသာတယ် အခါးဓါတ်လေး။ အခါးကြိုက်တဲ့သူလေ။

ကဲ ဟိုလူက သုပ်လိုက်တော့ကာ တမာရွက်က မသိ နှိုက်စားကြည့်တာ ခါးလို့ ပြန်ထွေးပစ်တာ။ သေပါတော့ကွာ ခါးတာဟေ့။ အရသာကို ပျက်ကုန်ပြီကွာ။ ကြားလား။ ကဲသူ့အတွက်တော့ မကောင်းဘူးပေါ့။ စဉ်းစားဖို့မကောင်းလား။

ကြိုက်တဲ့လူကတော့ အခါးကြိုက်တဲ့လူက ကောင်းတယ်။ မကြိုက်တဲ့လူက မကောင်း။ နှစ်မျိုး ထွက်မလာဘူးလား။ ခါးတဲ့သဘော သဘာဝက တရားက မင်းကိုကောင်းစေ မင်းကိုမကောင်းစေနဲ့ ပါရဲ့လား။ ခါးတာတော့ ဘယ်သူ့မျက်နှာမှ မလိုက်ဘူး။ အဲဒီ သဘောတရားကိုသိဖို့လိုတယ်။ စဉ်းစားဖို့မကောင်းလား။

သဘာဝဉာဏ် သဘာဝဉာဏ်လို့ မပြောဘူးလား။ ပါးစပ်က ပြောတာ ကိုယ်က မသိ။ သူ့သဘာဝတ္ထ သိဖို့လိုတာ။ စဉ်းစားဖို့မကောင်းလား။ကဲ ခါးတာသူ့သဘာဝ။

ကောင်းတာမပါ ဆိုးတာမပါ။ ကောင်းတာဆိုးတာ ကိုယ့်စိတ်ကလုပ်တာ။ အဲဒီစိတ်ကိုမြင်အောင်ကြည့်။ ဒါ လိုတာမဟုတ်ဘူးလားလို့။ ကဲတရားထိုင်တာ ဒီနေရာရောက်အောင် လိုတာ။ စဉ်းစားဖို့မကောင်းလား။ ထိထိ…လေ့လာ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရ ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တသံဝရ ။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတော် မုံလယ် (၅)ရက်တရားစခန်း ၌်
၁၃၆၇-ခု၊ကဆုန်လပြည့်ကျော် ၄ရက်၊ကြာသပတေးနေ့။ 26.5.2005 (ည ၇-နာရီ) အချိန်တွင်
ဟောကြားတော်မူသော ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော် မှ စာစီပူဇော်ပါသည်။

အရှင်တေဇနိယ
မုံလယ်ဇ

No comments:

Post a Comment