April 1, 2016

မိဘနှင့်သားသမီးအကြား မှန်ကန်သောအမြင်များ။

မိဘနှင့် သားသမီးအကြား မှန်ကန်သော အမြင်များဆိုတော့
မှားယွင်းတဲ့ အမြင်တွေလဲရှိနေတယ်ဆိုတာ သိသာစေတယ်
မိဘကို ပြုစုလုပ်ကျွေးရမယ် ရိုသေလေးစားရမယ်ဆိုတာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမသာဖြစ်တယ်

ဒီအဆုံးအမဟာ ကမ္ဘာမှာ အမြဲတမ်းရှိနေတဲ့ အဆုံးအမလဲမဟုတ်ဘူး ကမ္ဘာလူသားအားလုံး
လိုက်နာနေတဲ့ အဆုံးအမလဲမဟုတ်ဘူး
သူတော်ကောင်းတွေက ဆုံးမသြ၀ါဒပေးတဲ့အခါမှာသာလျှင် လူတွေရဲ့ အသိုင်းအ၀ိုင်းမှာ မိဘနဲ့
သားသမီးအကြား မှန်ကန်တဲ့အမြင်များကိုရရှိကြတာဖြစ်တယ်
မြတ်စွာဘုရားရဲ့ အဆုံးအမတည်ရှိနေမှသာလျှင် ကမ္ဘာလောကကြီးတခုလုံးဟာ သာယာအေးချမ်း
ပြီးတော့ အများကောင်းစားဖို့ အတွက် အများချမ်းသာဖို့အတွက်ဆိုတာဖြစ်လာနိုင်တယ်
မြတ်စွာဘုရား အဆုံးအမကွယ်ပျောက်သွားပြီဆိုရင်တော့ ဒီမှန်ကန်သော အမြင်တွေ
ကွယ်ပျောက်သွားတာနဲ့ တပြိုင်နက်
လူသားတို့ရဲ့ လူလောကကြီးဟာ ကျဆင်းသွားပြီး နောက်ဆုံးမှာ တိရစ္ဆာန်လောကအဆင့်
ရောက်သွားနိုင်တယ်ဆိုတာ သတိထားကြဖို့ပေါ့...


ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
http://www.drnandamalabhivamsa.com.


No comments:

Post a Comment