June 26, 2015

သုခဝေဒနာသည် ဒုက္ခသစ္စာဟုတ် မဟုတ်။


         သုခဝေဒနာဆိုတာ သမ္မုတိသစ္စာနယ်ထဲက စကားပါ။ ပရမတ္တသစ္စာက “သဗ္ဗေသင်္ခါရာ
 ဒုက္ခာ” တဲ့။ သုခဝေဒနာကို သိမှတ်နေတဲ့ ယောဂီရဲ့ အသိဉာဏ်မှာ အဲဒီ ပေါ်လာတဲ့ သုခ ခံစား
ချက်ကလေးတွေဟာ မှတ်တိုင်း ရှုတိုင်း ပျက် ပျက်သွားတာ တွေ့ရခြင်းကြောင့် ဒုက္ခသစ္စာတွေ
ပေါ် ပေါ်လာတာပါပဲ။ သုခရယ်လို့ မမှတ်ထင်တော့ဘူး။ “ မြဲမှ မမြဲတဲ့တရားဟာ အနိစ္စပပပဲ ”။
အနိစ္စထင်ရင် သုခလို့ မမြင်တော့ဘူး။ ဒုက္ခပဲလို့ အမှန်မြင်လာတယ်။ ဒါကြောင့် သံယုတ်ပါဠိ
တော် ဒုတိယအုပ် စာမျက်နှာ ၄၀၉ မှာ = =
         “ သုခါ ဘိက္ခဝေ ဝေဒနာ ဒုက္ခတော ဒဌဗ္ဗာ။ ”
         “ရဟန်းတို့ သုခဝေဒနာကို ဒုက္ခ ဒုက္ခလို့သာ ရှုမှတ်ပွားများအပ်ကုန်၏” လို့ ဟောဆို
ထားခြင်း ဖြစ်ပါတယ်။ မှတ်ရင်း မှတ်ရင်းနဲ့ နောက်ဆုံးတော့ ဒုက္ခသစ္စာ အပိုင်းထဲကိုသာ ၀င်
ဝင် သွားကြတာပါပဲ။ အနိစ္စထင်တော့ ဒုက္ခမြင်တာပေါ့။ သုခလည်း ပျောက်ဆုံးကုန်တာပေါ့။
“သဗ္ဗေသင်္ခါရာ ဒုက္ခာ” ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ဘယ်လောက်ကြီးပင် မက်မော
လောက်တဲ့ ခံစားမှုပဲဖြစ်ဖြစ် သုခဝေဒနာသည်လည်း ဒုက္ခသစ္စာပင် ဖြစ်ပါသည်။
         လူတွေက ဒုက္ခဆိုတာ နှစ်သက်စရာကင်းတဲ့ ခံစားမှု နာတာ ကျင်တာကိုပဲ ထင်နေကြ
တာပါ။ တကယ်တော့ ဖြစ်လိုက် ပျက်လိုက် မမြဲတဲ့တရားကို ဒုက္ခလို့ခေါ်တာပါ။ ဒါကြောင့် သုခ
ဝေဒနာဟာလည်း ခဏကောင်းပြီး ပျက်တတ်တဲ့အတွက် ဒုက္ခသစ္စာထဲမှာ ပါတာပါ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ မူကြိုတို့အတွက် ၀ိပဿနာနှင့် အပူစုံပူပူလေး မှ
  ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment