June 25, 2015

ငရဲကျမှာကြောက်လို့ပါ။


        တေမိမင်းဟာ တေမိမင်းသားဘ၀ မရောက်ခင်တုန်းက နတ်ပြည်မှာပါ။ နတ်ပြည်မ
ရောက်ခင် ငရဲမှာပါ။ ငရဲမရောက်ခင် ဘ၀တုန်းက ရှင်ဘုရင်တစ်ပါးပါ။
         တေမိမင်းသားဘ၀ ရောက်လာတော့ လသားလေးမှာ - အိပ်ယာကနိုးလို့ မျက်လုံး
ကလေးဖွင့်လိုက်တော့ ထီးဖြူကြီးကိုမြင်လို့ သူ့ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်
သတိရသွားပါတယ်။
         “ အော် .... ငါ ထီးဖြူကြီးဆီ ရောက်နေပြန်ပြီကိုး ...၊ ရှေးတုန်းက ထီးဖြူဆောင်း
ခဲ့ရလို့၊ ရှင်ဘုရင် လုပ်ခဲ့ရလို့၊ ရှင်ဘုရင်ဘ၀မှာ တိုင်းသူပြည်သားအတွက်လို့ ဆိုပြီး မသင့်တော်
တာတွေကို ပြုခဲ့ရတာတွေ၊ နှိပ်ကွပ်ခဲ့ရတဲ့ကိစ္စတွေကို တွေးပြီးတော့ ငါရှင်ဘုရင်လုပ်ခဲ့တဲ့အ
တွက် အနှစ် (၂၀ ၀၀၀) နှစ်သောင်းလောက် ငရဲကျခဲ့တယ်။ ဒီထီးဖြူကြီး ပြန်လာပကော” လို့
တွေးပြီး မျက်နှာကလေး ညှိုးသွားပါတယ်။
         အဲဒီတော့ ထီးချက်စောင့် နတ်သမီးက ရှေးတုန်းက အမိတော်ခဲ့ဖူးလို့ “ ငါ့သား ထီးဖြူ
ကြီးကို မလိုချင်လို့ရှိရင်၊ ထီးနန်းကို မလိုချင်လို့ရှိရင် စကားမပြောနိုင်တဲ့ အ - အ ကလေး၊ လမ်း
လျှောက်မသွားနိုင်တဲ့ အဆွံ့ကလေး၊ နားမကြားတဲ့ အပင်းကလေး ဟန်ဆောင်လိုက်ပါ။ အ အ
ကို ထီးနန်းမအပ်ပါဘူး” လို့ ပြောတော့ သဘောကျသွားပါတယ်။
         ငရဲကြောက်လို့ ဆွံ့-အ အယောင်ဆောင်ရန် နတ်သမီးရဲ့စကားကို သဘောကျပြီး၊ ဒီက
နေ့ကစပြီး ငါ အ -အ ယောင်၊ အဆွံ့ယောင်၊ နားပင်းယောင်ဆောင်မယ်ဆိုပြီး နေလိုက်တာ
တစ်ဆယ့်ခြောက်နှစ်ကြာပါတယ်။ ငရဲကိုလည်း ဇာတိဿရဉာဏ်နဲ့ မြင်တဲ့ပုဂ္ဂိုလ်က ငရဲကို
ကြောက်လွန်းလို့ သူသူငါငါ အင်မတန်လိုချင်တဲ့ လောကီအာရုံထဲမှာ ထိပ်တန်းအကျဆုံးဖြစ်တဲ့
ရှင်ဘုရင်ဘ၀ကို စွန့်ခွါသွားပါတယ်။  ။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ယမမင်းနှင့် ဖုန်းပြောခြင်း၊ ဧည့်သည်တွေအတွက် အလုပ်ရှုပ်နေ
        သူတွေမှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment