December 1, 2014

အထင်ကြီးစရာများ။

   လူဆိုတဲ့ သဘာဝဟာ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ နေကြပါတယ်။ ဒါပေမယ့် ကာမ
ချမ်းသာတွေကို သာယာနှစ်သက်ပြီး ခံစားနေတာဟာ (ဟီနော) ယုတ်ညံ့ပါတယ်။ ဘာကြောင့်လဲ
ဆိုရင် အဲဒီ ကာမဂုဏ်တွေကို သုံးဆောင်တဲ့အခါမှာ ယုတ်ညံ့တဲ့ ကိလေသာတွေ ဖြစ်ပါတယ်။ တပ်
မက်တွယ်တာ သာယာတဲ့ ကာမရာဂ ကာမတဏှာတွေဖြစ်ပါတယ်။ ငါသာ ဒီလို အကောင်းတွေ
ခံစားရတယ်ဆိုတဲ့အနေနဲ့ မာနလည်း ဖြစ်ပါတယ်။
         မိမိပိုင်တဲ့ သက်ရှိသက်မဲ့ ကာမဂုဏ်တွေကို သူတစ်ပါးနဲ့ မနီးစပ်စေလိုတဲ့ ၀န်တိုမှု-မစ္ဆရိယ
လည်း ဖြစ်ပါတယ်။ ကိုယ့်လို သူတစ်ပါးအား မပြည့်စုံစေချင်တဲ့ မနာလိုမှု-ဣဿာလည်း ဖြစ်ပါ
တယ်။ ဆန့်ကျင်ဘက် ရန်သူထင်ရတဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားတဲ့-ဒေါသလည်း ဖြစ်တတ်ပါတယ်။
အရှက်အကြောက် ကင်းမဲ့တဲ့ အဟိရိက အနောတ္တပ္ပဆိုတာတွေလည်း ဖြစ်ပါတယ်။ ချမ်းသာတယ်၊
ကောင်းတယ် စသည်ဖြင့် အသိမှားတဲ့-မောဟလည်း ဖြစ်ပါတယ်။ ပုထုဇဉ်မှာ ဆိုရင်  အသက်ရှင်
နေတဲ့ အတ္တကောင် အနေနဲ့ ကံ ကံ၏အကျိုး မရှိတဲ့အနေ စသည်ဖြင့် အမြင်မှား အယူမှားတဲ့-ဒိဌိ
လည်းဖြစ်တတ်ပါတယ်။ အဲဒီလို ယုတ်ညံ့တဲ့ ကိလေသာတွေကို ဖြစ်ပွားစေတတ်တဲ့အတွက် ကာမ
သုခလ္လိကာနုယောဂအကျင်ဟာ ယုတ်ညံ့ပါတယ်။
         နောက်ပြီးတော့ အဲဒီကာမချမ်းသာကို ယုတ်ညံ့တဲ့ တိရစ္ဆာန်တွေကလည်း သုံးဆောင်နေကြ
ပါတယ်။ အလွန်ယု
တ်ညံ့တဲ့ မစင်တွင်းထဲက ပိုးလောက်တွေလည်း ထိုက်သည့်အားလျော်စွာ သုံး
ဆောင်ခံစား နေကြပါတယ်။ အဲဒီလို ယုတ်ညံ့တဲ့ သတ္တ၀ါတွေနဲ့ စပ်ဆိုင်သောကြောင့်လည်း ယုတ်
ညံ့ပါတယ်။ အဲဒီလို ယုတ်ညံ့တဲ့အတွက်ကြောင့် အဲဒီ ကာမသုခလ္လိကာနုယောဂအကျင့်ကို  ရှင်ရ
ဟန်းများ မမှီဝဲသင့်ပါ။
         လူတွေက ကိုယ့်အာရုံနဲ့ကိုယ် ကောင်းလိုက်တာ...ကောင်းလိုက်တာလို့ အထင်ကြီးနေကြ
သလို၊ ခွေး၊ ၀က်၊ ကြက် ပိုးလောက်သတ္တ၀ါတွေကလည်း သူတို့အာရုံနဲ့ သူတို့ ကောင်းလိုက်တာ..
ကောင်းလိုက်တာလို့ အထင်ကြီးနေကြမှာပါ။ အဲဒီတော့ ခွေး၊ ၀က်၊ ကြက်၊ ပိုးလောက်တွေရဲ့
ခံစားမှုနှင့် လူတွေရဲ့ ခံစားမှုဟာ တူနေပါလိမ့်မယ်။ အဲဒီလို ယုတ်ညံ့တဲ့ သတ္တ၀ါတွေရဲ့ ခံစားမှု
နှင့် တန်းတူ ဖြစ်နေရင် ယုတ်ညံ့ပါတယ်။ အဲဒီလို ယုတ်ညံ့တဲ့ အတွက်ကြောင့် ကာမချမ်းသာ ခံ
စားမှုကို ရှင်ရဟန်းများ မမှီဝဲသင့်ပါ။
         ဗုဒ္ဓတရားတော်ကို မတွေ့မသိကြရတဲ့ အိမ်နေလူတွေ အနေအားဖြင့်တော့ အဲဒီကာမချမ်း
သာဟာ အကောင်းဆုံးလို့ အထင်ကြီးစရာလည်း ဖြစ်ပေတယ်။ ပစ္စည်းဥစ္စာ ပေါများကြွယ်ဝတဲ့
သူဌေးတွေဆိုရင် ကာမဂုဏ်အာရုံဝတ္တုတွေကို ရနိုင်သမျှ ရအောင်ရှာကြံပြီး သုံးဆောင်ခံစားနေကြ
ပါတယ်။ အားငယ်အားနည်းတဲ့သူကို အနိုင်အထက် လွှမ်းမိုးသိမ်းပိုက်ပြီးတော့လည်း သုံးဆောင်ခံ
စားနေကြပါတယ်။
         ဒါကြောင့် တရားချစ်ခင် ကျင့်ကြံအားထုတ် နေကြတဲ့ ဓမ္မမိတ်ဆွေတို့ကလည်း တရားသ
ဘောကို နားလည်သဘောပေါက်ကြပြီး ဆင်းရဲခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာတ
ရားတော်မြတ်ကို မိမိတို့ အလိုရှိအပ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် လျင်မြတ်စွာ ဆိုက်ရောက်၍
မျက်မှောက်ပြုနိုင် ကြပါစေ ကုန်သတည်း။ ။
 {မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဓမ္မစကြာတရားတော်ကို ကိုးကားရေး
    သားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment