December 1, 2014

ကျောင်း ဇရပ် ရေကန်စုံတယ်၊

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါး
ကို ကိုးကွယ်ကြသည့်အလျောက် ရပ်ကြီးရွာကြီးတိုင်းတွင် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးတော်
များ တည်ထားကိုးကွယ် ကြပါတယ်။ “ကျောင်းဇရပ် ရေကန်စုံတယ်၊ ရွာတည်ပုံ အားကျဖို့ကောင်း”
ဆိုတာ အစဉ်အလာက ဆိုစမှတ်ပြုခဲ့တဲ့ မြန်မာဓလေ့ ကျေးရွာအင်္ဂါရပ်ကို ဖေါ်ပြတဲ့ စကားပါ။
         မှန်ပါတယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့  မြန်မာ့ဓလေ့ထုံးတမ်းကို လေးစားလိုက်နာတဲ့ ရွာ
တိုင်းဟာ ဒီ အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် တည်ကြရပါတယ်။ “ ကျောင်း ” ဆိုတာ မိမိတို့ကိုးကွယ်
ရာ သံဃာတော်များ သီတင်းသုံးရာဌာန ဖြစ်သလို၊ မြတ်ဗုဒ္ဓရဲ့ အဆုံးအမများကို လေ့လာနာယူစရာ
ဌာနလည်းဖြစ်ပြီး၊ အသိအလိမ္မာနဲ့ ပညာနို့ရည် သောက်စို့ရာဌာနလည်း ဖြစ်ပါတယ်။
         “ ရွာ ကောင်း,မကောင်း၊ ကျောင်းရောက်မှ သိ ” ဆိုရိုးရှိပါတယ်။ ရပ်ရွာ တစ်ခုမှာလည်း
အိမ်ကြီးအိမ်ကောင်းတွေ ဘယ်လော
က် များနေနေ၊ ရွာဦးကျောင်း အဆောက်အဦးက အဝေးကမြင်
ရုံနဲ့  လေးစားအားကျလောက်အောင် ခန့်ညားထယ်ဝါမှု မရှိဘူးဆိုရင် ဒီရွာဟာ သဒ္ဓါတရား ကောင်း
သူတွေရဲ့ အရပ်ဒေသ မဟုတ်တဲ့အတွက် ရွာကောင်းလို့ အသိအမှတ် မပြုကြပါ။
         စေတီပုထိုး ဆိုတာကတော့ မိမိတို့ကိုးကွယ်ရာ မြတ်ဗုဒ္ဓရဲ့ အထိမ်းအမှတ်ဖြစ်သလို လူတို့ရဲ့
ဒုစရိုက်တွေကို ဟန့်တားပေးတဲ့ သာသနာတော်ရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့
ဟာ လုပ်ငန်းကိစ္စပြီးလို့ ပြန်လာတဲ့အခါ လောဘ၊ ဒေါသအလျောက် ဘယ်လိုပဲ ပြောဆိုပြုမူလာပါ
စေ၊ ပုထိုးစေတီကို တွေ့မြင်လိုက်တာနဲ့ ... “ဟေ့.. ဘုရားကိုမြင်နေရပြီ၊ ဘုရားမကြိုက်တဲ့ စကား
တွေ၊ ဘုရားမကြိုက်တဲ့ အလုပ်တွေ ရပ်ကြတော့”  လို့ အချင်းချင်း လည်း သတိပေးကြ၊ ကိုယ်ကိုယ်
တိုင်လည်း စောင့်စည်းကြပါတယ်။
         ဒါကြောင့် အဝေးက မြင်သာလောက်အောင် ထင်ရှားထယ်ဝါတဲ့ ကျောင်း၊ ဘရား၊ စေတီပု
ထိုးတို့ ဆိုတာ အနီးကပ် ဆည်းကပ်ကိုးကွယ်ရာသာမက အဝေးက ဒုစရိုက်ကိုပါ တားဆီးပေးနိုင်တဲ့
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နိဗ္ဗာန်ဆော် သင်္ကေတလည်း ဖြစ်ပြါတယ်။
         ဇရပ်၊ တန်ဆောင်း၊ ရေတွင်းရေကန်တို့ဆိုတာကတော့ မြတ်ဗုဒ္ဓအလိုကျ မေတ္တာ၊ ကရုဏာ
စတဲ့ ဗြဟ္မစိုရ်တရားတို့ရဲ့ အရေးပါတဲ့ သင်္ကေတ တစ်ရပ် ဖြစ်ပါတယ်။ ကျောင်း၊ ဇရပ်၊ တန်ဆောင်း
ရေတွင်းရေကန် အပြည့်အစုံ ရှိဖို့ဆိုတာ မြန်မာ့ဓလေ့ ကျေးရွာအင်္ဂါရပ်တွေဖြစ်လို့ အများစုတို့ဟာ
ပြည့်စုံအောင် တည်ထားကြပါတယ်။ ဒါကတော့ မြန်မာဓလေ့ ရပ်ကြီးရွာကြီးအင်္ဂါရပ်ကိုပြောတာပါ။
         အခုလဲ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ဘယ်လိုလမ်းကြောင်းနဲ့ပဲ ရန်ကုန်သို့လာ
ကြပါစေ ရွှေတိဂုံဘုရားကို အဝေးကပင် မြင်နိုင်ပါတယ်။ မြင်ရသူတိုင်း စိတ်ချမ်းသာပြီး အပူငြိမ်းပါ
တယ်။ လောဘ၊ ဒေါသ၊ မောဟလျော့နည်းသွားပြီး ဘုရား၊ တရားကို အာရုံပြုမိကြပါတယ်။
         မိမိတို့တစ်တွေလည်း ကျောင်း၊ စေတီပုထိုးများကို မြင်ရလေတိုင်း ဓမ္မအသိဖြင့် စိတ်ချမ်း
သာပြီး အပူငြိမ်းနိုင်ကာ ကုသိုလ်မှုကိုသာ ကျင့်ကြံကြိုးကုတ် အားထုတ်ရမှာ ဖြစ်တယ်လို့ ကိုယ်စီ
ကိုယ်စီ သဘောကျပြီး ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံး နိုင်
ကြပါစေ ကုန်သတည်း။ ။
  {ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း) ၏ စိန်ခေါ်ရင် တိမ်ပေါ်ရောက်ရမယ်နှင့် မထေရ်မြတ်တို့
     စကားဝိုင်း မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
           (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment