လောကမှာ လူတွေဟာ ယစ်မူးတတ်ကြတယ်။ ယစ်မူးတယ်ဆိုတာ တစ်ချို့က အရက်သေစာတို့
ဆေးဝါးတို့သုံးမှ ယစ်မူးတယ်လို့ ထင်တာ။ လောကလူတွေကို သတိထားပြီး ကြည့်လေ၊ စီးပွါးဥစ္စာ
အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် ဘာမဆို ဖြစ်တယ်” ဆိုတဲ့အတွေး ရောက်တယ်။ ရာထူး
အာဏာရှိတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် အားလုံး ဖြစ်တယ်” ဆိုတဲ့ စိတ်အတွေး ရှိတယ်။ ကျန်းမာတဲ့
ပုဂ္ဂိုလ်ကလည်း “ငါကျန်းမာတယ် ဘာမဆို လုပ်နိုင်တယ်” ဆိုတဲ့ အတွေး ရောက်လာတယ်။ အဲဒီအ
တွေး ရောက်မှုတွေဟာ ယစ်မူးမှုတွေပဲ ဖြစ်တယ်။
ယစ်မူးတယ်ဆိုတာ ကိုယ့်ဟာကိုယ် အထင်ကြီးတဲ့ မာန၊ ငါ ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့ မာန
တွေကြောင့် ကုသိုလ်ကောင်းမှု အပေါ်မှာ လုံးဝ သတိမရတာပါ။ ဒါတွေကို ယစ်မူးတယ်လို့ ခေါ်တယ်။
မေ့လျော့တယ်လို့ ခေါ်တယ်။
မြတ်စွာဘုရားက ယစ်မူးမှု သုံးမျိုးကို ဖေါ်ပြထားတယ်။ (၁) “ယောဗ္ဗနမဒ”=ငယ်ရွယ်တဲ့ ပုဂ္ဂိုလ်
တွေမှာ ဖြစ်တတ်တဲ့ မာန်မာန ယစ်မျိုးမှု။ လူငယ်လူရွယ်တွေဆိုတာ သူရဲ့နုပျိုမှုနဲ့ အားခွန်ဗလတွေ
အပေါ်မှာ အထင်ကြီးပြီး ယစ်မူးနေတတ်တယ်။ ယစ်မူးနေပြီး ကုသိုလ်ကောင်းမှု လုပ်ရမှာကို မေ့
လျော့နေတယ်၊ အဲဒါကို “ယောဗ္ဗနမဒ” လို့ ခေါ်တ
ယ်၊ “ငါလုပ်ရင် ဘာမဆို ဖြစ်တယ်၊ ငါဟာငယ်ရွယ်
တဲ့ပုဂ္ဂိုလ် ဖြစ်တယ်၊ ကျန်းမာတယ်၊ သန်စွမ်းတယ်၊ ” ဆိုပြီး နုပျိုမှုအပေါ် အခြေခြံပြီး ယစ်မူးမှု ဖြစ်
တယ်၊ ကုသိုလ်ကောင်းမှု လုပ်ရမှာကို မေ့လျော့နေတယ်။ အကုသိုလ် အမှုတွေ ပြုမိတတ်တယ်၊ အဲ
ဒါကို “ပမာဒ” လို့ ခေါ်တယ်။
(၂) “အာရောဂျမဒ” =ကျန်းမာသန်စွမ်းတဲ့ ပုဂ္ဂိုလ်ကလည်း ယစ်မူးတာပဲ။ “ဒို့ကတော့ ဆေးရုံ
ဆေးခန်း ဘယ်တော့မှ မသွားရဘူး“။ တချို့ ပြောတတ်ကြတယ်၊ လျက်ဆားတောင်မှ မလျက်ဖူးဘူး၊
ကျန်းမာတယ်၊ ဘာစားစား အစာကြေသွားတာပဲ။ ကိုယ်ရဲ့ကျန်းမာမှု အပေါ်မှာ ယစ်မူးပြီး “ငါလုပ်
ရင် ဘာမဆို ဖြစ်တယ်” လို့ အတွေးရောက်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ မေ့နေတတ်ကြတယ်။
တရားနှလုံးသွင်းရမှာ သတိ မရဘူး။ အဲဒါကို “အာရောဂျ မဒ” လို့ ခေါ်တယ်။
(၃) “ဇီဝိတ မဒ” =အသက်ရှည်တဲ့ ပုဂ္ဂိုလ်ကလည်း အသက်ရှည်မှုအပေါ် ယစ်မူးတယ်။ အသက်
၇၀။ ၈၀။ ၉၀။ ဘာမှ မဖြစ်သေးဘူး၊ ဆိုပြီး အသက်ရှည်မှုအပေါ် ယစ်မူး နေတတ်ကြတယ်။ အဲဒီလို
“ဇီဝိတ မဒ” ရှိပြီးတော့ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် မေ့လျော့တတ်ကြတယ်။
အဲဒီလို မယစ်မူးဘဲနဲ့ ကုသိုလ်ကောင်းမှု လုပ်ဖို့ရန် သတိရနေတာကို “အပ္ပမာဒ” လို့ခေါ်တယ်။
ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ နောက်ဆုံး ပရိနိဗ္ဗာန် စံခါးနီး စကားမှာ “ အပ္ပမာဒေန သမ္ပာဒေထ ”
အပ္ပမာဒ နဲ့ သင်တို့ရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေ ပြည့်စုံအောင် လုပ်ကြ။ အပ္ပမာဒ ရှိပြီးတော့
ကိုယ်ကျင့်ရမယ့် သီလ၊ သမာဓိ၊ ပညာတွေ မမေ့ကြနဲ့။ လုပ်ရမယ့် ကုသိုလ်တရားတွေ လုပ်ကြ။ ယစ်
မူး မေ့လျော့ပြီး မမေ့ကြနဲ့လို့ မှာကြားခဲ့ပါတယ်။
ဒါကြောင့် တရားချစ်ခင် သူတော်စင် အပေါင်းတို့ ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်း ဆိုတဲ့
“အပ္ပမာဒ” တရားသည် လူ့လောကမှာ လူတွေလိုချင်ကြတဲ့၊ ဆန္ဒပြုကြတဲ့ အသက်ရှည်ခြင်း၊ ကျန်းမာ
ခြင်း၊ ဥစ္စာဓန ပြည့်စုံခြင်း စတဲ့ ချမ်းသာသုခ တွေကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီ “အပ္ပမာဒ” တရားနဲ့
မဂ္ဂင်ရှစ်ပါး ဆိုတဲ့ ၀ိပဿနာ ကျင့်စဉ်ကို ကျင့်မယ်ဆိုရင် နိဗ္ဗာန် ချမ်းသာ ရတဲ့အထိ ကောင်းသောအ
ကျိုး ပေးနိုင်တယ်လို့ သဘောကျပြီး ကြိုးစားအားထုတ် နိုင်ကြပါစေ ကုန်သတည်း။ ။
{ ၁၃၇၂ ခုနှစ်၊ပထမ၀ါဆိုလဆန်း ၂ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏမြို့နယ်ကမာကြည်လမ်း၌၊
ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော (ကုသိုလ်ဖြစ်အောင် သတိဆောင်)
တရားတော်မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment