June 1, 2014

တရားမှန်အကျဉ်းချုပ်

တရားမှန်အကျဉ်းချုပ်
(၁)သဗ္ဗပါပသ အကရဏံ- မကောင်းမှု အကုသိုလ် ဟူသမျှကို မပြုခြင်းကတစ်ပါး။ကိုယ်ဖြင့်လည်း ညှင်းဆဲခြင်း သတ်ခြင်း ခိုးခြင်း မတရားပြုကျင့်ခြင်းစတဲ့ အကုသိုလ် အမှုတွေ ကို မပြုပဲ ကြဉ်ရှောင်ရမယ်။ နှုတ်ဖြင့်လည်း လိမ်ခြင်း ဂုံးတိုက်ခြင်း ဆဲရေးခြင်း စတဲ့ အကုသိုလ်အမှုတွေ မပြောပဲ ကြဉ်ရှေင်ရမယ်။စိတ်ကူးသက်သက်ဖြင့်လည်း အကုသိုလ်အကြံတွေကို မကြံစည်ပဲ ပယ်ရမယ်။ ဒီစိတ်ကူးသက်သက် အကုသိုလ်ကိုတော့ သမထဘာဝနာ ဝိပဿနာဘာဝနာကို ရှုပွါးနေမှ ကောင်းကောင်းပယ်နိုင်တယ်။ ဒီအကုသိုလ်ဟူသမျှကို မပြုရဘူးဆိုတာဟာ မြတ်စွာဘုရားတို.၏ (၁)နံပါတ်အဆုံးအမဘဲ။
(၂)ကုသလဿ ဥပသမ္ပဒါ- ကုသိုလ်ဟူသမျှကို ပြည့်စုံစေခြင်းကတစ်ပါး။ ဒါနကုသ်ုလ်ဖြစ်ဖြစ်၊ သီလကုသိုလ်ဖြစ်ဖြစ်၊ ဘာဝနာကုသိုလ်ဖြစ်ဖြစ် - ကုသိုလ်ဟူသမျှ ဖြစ်ပွါးစေရမယ်။ ပြုလုပ်ရမယ်။အဲဒီကုသိုလ်တွေထဲမှာ သီလကုသိုလ်ကတော့ (၁)နံပါတ်အဆုံးအမနဲ.အညီ အကုသိုလ်တွေ ရှောင်ကြဉ်နေယင် ပြည့်စုံတန်သမျှတော့ ပြည့်စုံနေတာပါပဲ။ ဒါပေမယ့် အရိယမဂ်သီလ ဆိုတာကတော့ အဲဒီလို ရှောင်ကြဉ်ရုံမျှနဲ. မပြည့်စုံနိုင်ဘူး။ ဝိပဿနာကို ပွါးစေပြီး အရိယမဂ်ရောက်မှ ပြည့်စုံတယ်။ ဥပစာရ သမာဓိဖြစ်ဖြစ်၊ အပ္ပနာသမာဓိဖြစ်ဖြစ် ရအောင် သမထဘာဝနာကုသိုလ်ကို ပွါးစေရမယ်။ တချို.က သမထအလုပ်ကို ရှုပ်ချပြီး ပြောဟောတတ်ကြတယ်။ မြတ်စွာဘုရားကတော့ သမထဘာဝနာကိုလည်း အားထုတ်ဖို. ညွှန်ကြားတိုက်တွန်းတော်မူပါတယ်။ သမထဘာဝနာကို အားထုတ်လို. ဈာန်သမာဓိကိုရယင် ၊အဲဒီသမာဓိကိုအခြေခံပြီး ဝိပဿနာရှုတာဟာ အကောင်းဆုံးပဲ၊အဲဒီဈာန်ရအောင် အားမထုတ်နိုင်ယင်လဲ ဥပစာရသမာဓိရအောင် အားထုတ်ရတယ်။အဲဒီသမာဓိကို အခြေခံပြုပြီးဝိပဿနာရှုယင်လည်းေ
ကာင်းတာပဲ။အဲဒီသမထ သမာဓိကို ရအောင် အားမထုတ်နိုင်ရင်တော့ ဝိပဿနာ ခဏိက သမာဓိကို ရအောင်အားထုတ်ရတယ်။ဒီဝိပဿနာ သမာဓိရယင်တော့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်းဖြစ်ပွါးပြီး အရိယမဂ်ဖိုလ်သို. ရောက်သွားနိုင်ပါတယ်။ မြတ်စွာဘုရား၏ သာသနာတော်မှာ ဒီဝိပဿနာသမာဓိနှင့် ဝိပဿနာဉာဏ်ဆိုတဲ့ ဝိပဿနာကုသိုလ်ကို ပွါးစေဖို.အလုပ်ကတော့ အရေးအကြီးဆုံးပဲ။ ဘာကြောင့်လဲဆိုရင် ဝိပဿနာမပါပဲ အရိယမဂ် ဖိုလ်ကို မရနိုင်သောကြောင့်ပါပဲ။ဒါကြောင့် အရိယမဂ် ကုသိုလ်ပြည့်စုံအောင် ဝိပဿနာကုသိုလ်ကို ပွါးစေရမယ်။ဘယ်ကုသိုလ်ကိုမှ မပယ်ကောင်းဘူး။ ကုသိုလ်ဟူသမျှက်ု ပြည့်စုံစေရမယ် ဆိုတဲ့ သြဝါဒဟာ မြတ်စွာဘုရားရှင်တို.၏ (၂)နံပါတ်အဆုံးအမပဲ။
အဲဒီဘုရားရှင်တို.၏(၁၊၂)သြဝါဒများနဲ. ဆန်.ကျင်ဖက် ဟောပြောနေတာတွေကို ယခုနေအခါမှာ ကြားနေရတယ်။ဟောပုံကတော့ အကုသိုလ်ကိလေသာဆိုတာ အမြဲရှိနေတာမဟုတ်ဘူး၊အဲဒီမရှိတဲ့အကုသိုလ်တွေ ကိလေသာတွေကို ပယ်နိုင်အောင် အားထုတ်ဖို. မလိုဘူးတဲ့။ သီလ သမထ ဝိပဿနာ ကုသိုလ်တွေလဲ ပြုလုပ်အားထုတ်ဖို. မလိုဘူးတဲ့။ လုပ်သမျှ ဒုက္ခချည်းပဲတဲ့။အဲဒီလို ဟောပြောချက်တွေဟာ ဘုရားစကားတော်နဲ. ပြောင်းပြန်ဆန်.ကျင်ဖက်တွေပဲလို. ကိန်းသေမှတ်ထားကြရမယ်။
(၃) သစိတ္တပရိယောဒါပနံ- မိမိ၏စိတ်ကို ဖြူစင်စေခြင်းက တပါး။ မိမိ၏စိတ်ကို ဖြူစင်စေခြင်းဆိုတာ ဝိပဿနာကုသိုလ် ပွါးစေသောအားဖြင့် အရဟတ္တမဂ်သို. ရောက်စေရမယ်။ အဲဒီအရဟတ္တမဂ်ရောက်ပြီးသည်၏ အခြားမဲ့မှာ ကိလေသာတို.မှ လုံးဝလွတ်မြောက်စင်ကြယ်တဲ့ အရဟတ္တဖိုလ် ဖြစ်တယ်။ အဲဒီအရဟတ္တဖိုလ်အထိ ဖြစ်ပွါးစေသောအားဖြင့် မိမိ၏ စိတ်ကို စင်ကြယ်ဖြူစင်စေရမယ်လို. ဆိုလိုကြောင်း အဌကထာများမှာ ဖွင့်ပြထားပါတယ်။ အဲဒီအဖွင့်ဟာ ဘုရားဟော ပါဠိတော်များအားလုံးနဲ.ညီညွတ်တဲ့အတွက် ဘုရားအလိုတော်ကျ ဖြစ်ပါတယ်။
ဒါပေမယ့် ဗုဒ္ဓသာသနာဖျက်ပုဂ္ဂိုလ်များကတော့ သီလ သမာဓိ ဝိပဿနာအကျင့်တွေကို အားမထုတ်နဲ.၊အားထုတ်ရင်ဆင်းရဲဒုက္ခနဲ.တွေ.နေမယ်။ စိတ်ကလေးကို ဘာမှမလုပ်စေပဲ အငြိမ်းစားပေးထားရမယ်။မိမိ၏သန္တန်မှာ အကုသိုလ်မဖြစ်တဲ့ ကွက်လပ်အာရုံ ကလေးဆီ ပို.ထားရမယ်။အဲဒီလိုပို.ထားရင် စိတ်ဟာဖြူစင်နေတယ်။အဲဒီလိုစိတ်ကို ဖြူစင်စေရမယ်လို. အခြေအမြစ် အသင့်ယုတ္တိ ဘာမှမရှိတဲ့ လမ်းစဉ်ကို ဟောကြားညွှန်ပြနေကြတယ်။အဲဒီ ဟောကြားညွှန်ပြချက်ထဲမှာ သီလသမာဓိ ပညာအကျင့် ပိတ်ပင်တာဟာ ဘုရားသာသနာတော်ကို ဖျက်တာပဲ။သမထ ဝိပဿနာမပါပဲ စိတ်ကိုစင်ကြယ်စေတယ်ဆိုတာ မဖြစ်နိုင်တဲ့အလုပ်ဖြစ်တဲ့အတွက် လုံးဝယုတ္တိမရှိတာပဲ။ စိတ်ဝိညာဏ်ဆိုတာ အစိုးမရတဲ့ အနတ္တတရားမမဟုတ်ပါလား။ အဲဒီစိတ်ကို ဘာဝနာမပါပဲ ကိုယ်အလိုအတိုင်းထားနိုင်တယ်ဆိုရင် ငါ၏စိတ်ဝိညာဏ်ဟာ ဒီလိုအကောင်းချည်းဖြစ်ပါစေ၊ဒီလို အဆိုးတော့မဖြစ်ပါစေနဲ. လို. စီမံခန်.ခွဲလို.မရဘူးလို.ဟောထားတဲ့ အနတ္တလက္ခဏသုတ်ကို မမှန်ဘူးလို. ဆိုရာရောက်မှာပေါ့။ အဲဒါအထူးသတိပြုဖို.ပါပဲ။
တရားမှန်အကျဉ်းချုပ် နိဂုံးစကားကတော့ -ဧတံ ဗုဒ္ဓါန သာသနံတဲ့။ဧတံ-အကုသိုလ်ဟူသမျှကို မပြုခြင်း၊ ကုသိုလ်ဟူသမျှကို ပြည့်စုံစေခြင်း၊ မိမိစိတ်ကို ဖြူစင်စေခြင်း- ဆိုတဲ့ ဤသုံးပါးသည် ဗုဒ္ဓါနံ-ဘုရားရှင်တို.၏၊ သာသနံ - အဆုံးအမ သာသနာတော်ပေတည်း။
အဲဒီတော့ ဗုဒ္ဓသာသနာတော် တည်စေချင်လျှင် ထွန်းကားကြီးပွါးစေချင်လျှင် အကုသိုလ်မှန်သမျှကို မိမိကိုယ်တိုင်လည်း စွမ်းနိုင်သမျှ ရှောင်ကြဉ်ရမယ်။ သူတစ်ပါးကိုလည်း ရှောင်ကြဉ်ဖို. စွမ်းနိုင်သမျှ ဟောပြောပေးရမယ်။ ကုသိုလ်ဟူသမျှကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်အားထုတ်ရမယ်။ပြုလုပ်အားထုတ်ဖို. စွမ်းနိုင်သမျှ ဟောပြောပေးရမယ်။ အကုသိုလ်မရှောင်ဖို. ကုသိုလ်မပြုဖို. တစ်စုံတစ်ယောက်က ဟောပြောနေလျှင်လည်း စွမ်းနိုင်ပါမူ တားမြစ်ကာကွယ်ရမယ်။ မိမိစိတ် စင်ကြယ်အောင်လည်း ဘာဝနာအလုပ်ကို စွမ်းနိုင်သမျှ အားထုတ်ရမယ်။သူတစ်ပါးအားလည်း စွမ်းနိုင်သမျှ ဟောပြောတိုက်တွန်းရမယ်။ ဒါကြောင့် ဘုန်းကြီးတို.က သာသနာတော်၏ ဘေးရန်ကို ကာကွယ်တဲ့အနေနဲ. တရားဟောရာမှာ အမှားနဲ.အမှန်ကို ဝေဖန်ပြီး ဟောရတာပဲ။
မဟာစည်ဆရာတော်ဘုရားကြီး၏ အနတ္တလက္ခဏသုတ် တရားတော်စာအုပ်မှ ထုတ်နှုတ်မျှဝေပါသည်။
ဆန္ဒမွန်ဖြင့်
ဉာဏ်စိုး

No comments:

Post a Comment