June 5, 2014

တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း။

ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် အဲဒီ ဗောဓိပလ္လင် ဌာနနှင့်တကွ (၇) ပါးသောဌာန
တို့၌ (၇) ရက်စီ  သီတင်းသုံးလျက် အရဟတ္တဖိုလ် ချမ်းသာကို ခံစားခြင်း၊  တရားတော်ကို ဆင်ခြင်
တော်မူခြင်းတို့ဖြင့် (၄၉) ရက်ကို ကုန်လွန်စေခဲ့ပါသည်။ ရက် (၅၀) မြောက် ၀ါဆိလဆန်း (၆) ရက်
နေ့မှာ အဇပါလ ညောင်ပင်အောက်သို့ ပြန်ကြွလာတယ်။  အဲဒီမှာ ထိုင်နေတော်မူရင်း ဘယ်သူ့အား
ရှေးဦးစွာ တရားဦးဟောရပါမလဲ၊  ဘယ်သူဟာ  ဒီတရားကို  လျင်မြန်စွာ သိနိုင်ပါလိမ့်မည်လဲ  လို့
မြတ်စွာဘုရားက တရားဟောဖို့ ဆင်ခြင်တော်မူတယ်။ အဲဒီလို ဆင်ခြင်လိုက်တဲ့ အခါမှာ “ ကာလမ
အနွယ် အာဠာရ ရသေ့ဟာ ပညာရှိပဲ၊ တတ်သိတယ်၊ ဉာဏ်ထက်တယ်၊ ပညာမျက်စိမှာ ကိလေသာ
မြူမှုန် နည်းပါးနေတာကြာပြီ၊ အဲဒီ အာဠာရအား ရှေးဦးစွာ ဟောရရင် ကောင်းမှာပဲ၊ သူဟာ   ဒီတ
ရားကို လျင်မြန်စွာ သိပေလိမ့်မယ် ” လို့  ပကတိ စိတ်ကူးထဲမှာ ပေါ်လာပါသတဲ့။
        အဲဒီလို ဆင်ခြင်ပုံထဲမှာ မြန်မြန်သိမည့် ပုဂ္ဂိုလ်အား ရှေးဦးစွာ ဟောဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါ
တယ်၊ အဲဒီ ရည်ရွယ်ချက်ဟာ အလွန်ပဲ အရေြး
ကီးပါတယ်။ ယခုခေတ်မှာ စာသင်တိုက်အသစ် ဖွင့်
တယ်ဆိုရင် ဉာဏ်ကောင်းတဲ့ စာသင်သားများကိုရဖို့ အရေးကြီးတယ်။ အဲဒီ ဉာဏ်ကောင်းတဲ့   စာ
သင်သားတွေက စာမေးပွဲတွေကို များများအောင်မှ  အဲဒီစာသင်တိုက် နာမည်ကောင်းပြီး  ကြီးပွား
လွယ်မယ်။ ထို့အတူပင် ကမ္မဌာန်းဌာနအသစ် ဖွင့်တဲ့အခါလည်း    သဒ္ဓါ၊ ဆန္ဒ၊ ၀ီရိယ၊ သတိ၊ ပညာ
ကောင်းတဲ့ ပုဂ္ဂိုလ်တွေ လိုပါတယ်။   အဲဒီ ပုဂ္ဂိုလ်တွေကစပြီး အားထုတ်မှ  ဉာဏ်ထူး၊ တရားထူးကို
မြန်မြန်တွေ့မယ်။ အဲဒီလို တွေ့ကြပါမှ အခြားသူတွေကလည်း လိုက်ပြီးအားထုတ်ကြမယ်။  အကယ်
၍ စပြီးအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက သဒ္ဓါ၊ ဆန္ဒ၊ ၀ီရိယ၊ သတိ၊ ပညာညံ့နေမယ် သို့မဟုတ် အိုမင်းပြီး
မစွမ်းမသန် ဖြစ်နေမယ်ဆိုရင်  အဲဒီလို ပုဂ္ဂိုလ်တွေဟာ သမာဓိ ဉာဏ်အထူးတွေကို ရောက်ဖို့တွေ့ဖို့
မလွယ်ဘူး။  အဲဒီ အားထုတ်စ ပုဂ္ဂိုလ်တွေက ထူးထူးခြားခြားမတွေ့ရင်  အခြားလူတွေကနောက်က
လိုက်ပြီး  အားထုတ်ဖို့ရာ  စိတ်မပါဘဲ  ရှိနေလိမ့်မယ်။
         ဒီလို  လျင်လျင်မြန်မြန် သိမြင်ဖို့ရာ လိုတဲ့အတွက် မြတ်စွာဘုရားက လျင်မြန်စွာ သိမြင်နိုင်
မည့် အာဠာရကို တရားဦးဟောရန် ဆင်ခြင်တော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလို ဆင်ခြင်တာကလည်း
ပကတိစိတ်နဲ့ ဆင်ခြင်တာပါ၊ ဉာဏ်ထူးနဲ့  ဆင်ခြင်တာ မဟုတ်ပါဘူး။ အဲဒီ အချိန်မှာ အာဠာရ  ရှိမ
ရှိကိုတော့  ဉာဏ်ဖြင့်မဆင်ခြင်ရသေးဘူး။ အဲဒီအခါ မြတ်စွာဘုရား၏ စိတ်အကြံကိုသိတဲ့ နတ်တစ်
ယောက်က “ အာဠာရ ကွယ်လွန်သွားတာ ခုနှစ်ရက် ရှိပါပြီဘုရား ” လို့  လျှောက်တယ်။   ဒီတော့
မြတ်စွာဘုရားကလည်း ဉာဏ်ဖြင့်ဆင်ခြင် ကြည့်တော်မူတယ်။ ဆင်ခြင်ကြည့်လိုက်တဲ့အခါမှာ အာ
ဠာရဟာ လွန်ခဲ့သော ခုနှစ်ရက်က ကွယ်လွန်သွားပြီးတော့ သူရထားတဲ့ ဈာန်ကုသိုလ်၏အစွမ်းဖြင့်
အာကိဉ္စညာယတနဆိုတဲ့ အရူပဘုံရောက်နေကြောင်း သိတော်မူရတယ်။ အဲဒီတော့ မြတ်စွာဘုရား
က..မဟာဇာနိယော ခေါ အာဠာရော ကာလာမော.. လို့ စိတ်ဖြင့်ညည်းညူတော်မူပါသည်။  အဲဒီလို  
မြင်တော်မူပြီး တရားဦးဟောကြားရန် ဗာရာဏသီမြို့သို့  ခြေလျင်ကြွချီတော်မူပါတယ်။
{မဟာစည် ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာ တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment