January 7, 2015

စေတီ၊ ပုထိုး၊ ရုပ်ပွားဆင်းတုတော်များကို တွေ့မြင်သောအခါနှင့် ရဟန်းသံဃာတော်
များကို တွေ့မြင်သောအခါ မိဘအုပ်ထိန်းသူတို့က “ရှိခိုးကြ၊ ဦးချကြ” ဟု ခိုင်းသောကြောင့်
ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ကလေးသူငယ်တို့၏ မိရိုးဖလာ သရဏဂုံသည် ဉာဏ်
မယှဉ်  (ဉာဏ၀ိပ္ပယုတ်ဖြစ်) သော သရဏဂုံဖြစ်သည်။ ဤသရဏဂုံသည်လည်း ကောင်းကျိုးရ

နိုင်၏။
         ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ ဂုဏ်တော်များကို မဖောက်မပြန် မှန်ကန်စွာ
ပါဠိအနက် အဓိပ္ပာယ် ထင်မြင်၍ သုဂတိဘ၀ အဆင့်ဆင့်နှင့် နိဗ္ဗာန်တိုင်အောင် ကောင်းကျိုး
ရနိုင်သည်ဟု ယုံကြည်သက်ဝင်လျက် ရတနာသုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်သူတို့၏ သရဏ
ဂုံသည် ဉာဏ်နှင့်ယှဉ် (ဉာဏသမ္ပယုတ်ဖြစ်) သော သရဏဂုံ ဖြစ်၏။
         သရဏဂုံ၏ ကော
င်းကျိုးအာနိသင်ကား လူ့ဘ၀၊ နတ်ဘ၀၏ ပြည့်စုံခြင်း၊ လူ့စည်းစိမ်
နတ်စည်းစိမ်၊ ဗြဟ္မစည်းစိမ် ချမ်းသာများနှင့် ပြည့်စုံသည့်အပြင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တိုင်အောင်
ကောင်းကျိုးပေးနိုင်သည်။
         တိသရဏဂမနိယထေရ် အလောင်းသည် ၀ိပဿီဘုရားလက်ထက် ဗန္ဓုမတီမြို့၌ မျက်
မမြင် မိဘနှစ်ပါးကို လုပ်ကျွေးမွေးမြူ နေ၏။ ထိုခေတ်က လူ့သက်တမ်းသည် အနှစ်တစ်သိန်း
ရှည်၏။ ၀ီပဿီမြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂသာဝက “နိသဘ”မထေရ်ထံတွင် တိသရဏ
ဂမနိယမထေရ်အလောင်း လုလင်သည် သရဏဂုံဆောက်တည်၍ အနှစ်တစ်သိန်းကာလပတ်
လုံး မညှိုးနွမ်း မပျက်စီးအောင် စောင့်ထိန်း၏။ သေသောအခါ ထိုသရဏဂုံ ကောင်းမှုဖြင့်ပင်
တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်၏။
         ထိုသရဏဂုံ ကောင်းမှုကြောင့်ပင် တိသရဏဂမနိယထေရ် အလောင်းနတ်သားသည်
အပူဇော်ခံရခြင်း၊ ခပ်သိမ်းသောနတ်တို့ မိမိအလိုသို့ လိုက်ရခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်
ရခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ အဆွေခင်ပွန်းတို့ (အနှောင့်အယှက်ပေးရန်)
မလှုပ်ရှားနိုင်ခြင်း၊ ကျေးဇူးသတင်း ကျော်စောခြင်း၊ အကြိမ်(၈၀) သိကြားမင်း ဖြစ်ရခြင်း၊
(၇၅) ကြိမ် စကြ၀တေးမင်း ဖြစ်ရခြင်း၊ မရေမတွက်နိုင်သော ပဒေသရာဇ်မင်း ဖြစ်ရခြင်း
ကောင်းကျိုးအာနိသင်တို့ကို ရရှိပြီးနောက် ယခု ဂေါတမဘုရားရှင် ပွင့်ထွန်းတော် မူသောအခါ
သာဝတ္ထိပြည်၌ အလွန်ချမ်းသာ ကြွယ်ဝသော အမျိုး၌ လူလာဖြစ်၏။
         (၇) နှစ် အရွယ်မျှ ရှိသေးသော တိသရဏဂမနိယထေရ်အလောင်း သူငယ်ကလေးသည်
ကစားဖော်များနှင့်အတူ သံဃာ့အာရာမ်သို့ သွား၏။ ရဟန္တာတစ်ပါးက သူငယ်အား တရားဟော
၍ သရဏဂုံ ဆောက်တည်စေ၏။ သူငယ်ကလေးသည် ရှေးရှေးဘ၀က မိမိစောင့်ထိန်းခဲ့ဖူးသော
သရဏဂုံကို အောက်မေ့ဆင်ခြင်၍ ၀ိပဿနာကို တွင်တွင်ကြီး ပွားများပြီး အားထုတ်လိုက်သော
အခါ တစ်နေရာ တစ်ထိုင်တည်းမှာပင် အရဟတ္တဖိုလ်သို့ ရောက်သွား၏။
         (၇) နှစ်သားအရွယ်မှာပင် ဘုရားရှင်က ရဟန်းပြုပေး၍ “ရဟန္တာသခင် တိသရဏဂမနိ
ယထေရ်အရှင်” ဟု သာသနာတော်တွင် ထင်ရှား ကျော်စောတော်မူခဲ့သည်။
{သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကောက်
  နုတ်ရေးသားပူဇော်ပါတယ်။}
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment