January 7, 2015

ကမ္ဘာကျော် ဝိပဿနာတရားပြဆရာကြီး ဦးဂိုအင် ကာ

မန္တလေးမြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး အမည်အပြည့်အစုံမှာ ဆတျနာရာယန်းဂိုအင် ကာ ဖြစ်သည်။
မင်းတုန်းမင်းလက်ထက်အိန္ဒိယမှ လာရောက် အခြေချနေထိုင်သူကုန်သည် မိဘများမှ ပေါက်ဖွားခဲ့ သူဖြစ်သည်။
ငယ်စဉ်က စီးပွားရေးအောင်မြင် သူ
လုပ်ငန်းရှင်တစ်ဦးဘ၀၌ ခေါင်းကိုက် ဝေဒနာခံစားခဲ့ရပြီး
လယ်တီ ဆရာတော် ဘုရားကြီး၏ မူ၊ အနာဂါမ်ဆရာ သက်ကြီး၏ ဝိပဿနာရှုနည်းဖြင့် တရားပြသည့် ဆရာကြီး ဦးဘခင်၏
အပြည် ပြည်ဆိုင်ရာ ဝိပဿနာရိပ်သာ တွင် ၁၉၅၅ ခုနှစ်အတွင်းက လာရောက် တရားကျင့်ကြံရာမှ ရောဂါပျောက်ကင်းကာ လက္ခဏာရေးသုံးပါးသဘော တရားများကို ပိုမိုနားလည်လာပြီး ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ဦး ဖြစ်လာ ခဲ့သည်။
ဆရာရင်း ဦးဘခင်ထံ၌ ၁၀ နှစ်တာမျှ ဟိန္ဒူယောဂီများကို ကူညီပြီး ဝိပဿနာ ပြန့်ပွားအောင် စတင်ကြိုးပမ်းရင်း ၁၉၆၂ ခုနှစ်၌ အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့ပြီး ဝိပဿနာတရားများ ဟောပြောပြသရင်း နာမည်ကျော်ကမ္မဋ္ဌာန်း ဆရာတစ်ဦး ဖြစ်လာခဲ့သည်။
အိန္ဒိယနိုင်ငံ၌ ကမ္မဋ္ဌာန်းရိပ်သာသုံးခုဖွင့်လှစ်ကာ အိန္ဒိယ နိုင်ငံသားများသာမက ကမ္ဘာအရပ်ရပ်ရှိ လူမျိုးများကို အေးချမ်းစွာ
တရား အားထုတ်ကျင့်ကြံနိုင်ရေး စွမ်းဆောင်ပေးနိုင်ခဲ့ သည့်အပြင် နိုင်ငံပေါင်းများစွာသို့ သွားရောက်၍ ဝိပဿနာသင်တန်းများပို့ချခြင်း၊ ယောဂီများ၊ တရားဟော ဆရာများ မွေးထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည့် သာသနာပြုပုဂ္ဂိုလ် တစ်ဦးဖြစ် သည်။
မြန်မာပြည်၏ အဖိုးမဖြတ်နိုင်သည့် အမြတ်ဆုံးရတနာကို အရယူနိုင်ခဲ့ပြီ ဟု ကြွေးကြော်ခဲ့သူ ဆရာကြီး ဂိုအင်ကာအတွက် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း လာရောက်ခဲ့သည့်ခရီးစဉ်သည် နောက်ဆုံးခရီးစဉ် ဖြစ်ခဲ့သည်။
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ဆရာကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေတိဂုံ ပုံတူစေတီတော်ကြီးကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့သည့် မဇ္ဈိမဒေသ ဗုဒ္ဓသာသနာတော်မှာ ပြန်လည်ထွန်းကား လာခဲ့ခြင်း ဖြစ်သည်။
ဦးဂိုအင်ကာသည် ၁၉၆၉ ခုနှစ်တွင် ၀ိပဿနာတရားတော်များ စတင်ပို့ချခဲ့ပြီး ၁၉၇၆ခုနှစ်တွင် အိနိ္ဒယနိုင်ငံ၊ မဟာရက်ရှ ထရာပြည်နယ် နာရှစ်ခရိုင်၊ အီဂတ်ပူရီမြို့တွင် ကမ္မဋ္ဌာန်းရိပ်သာ တစ်ခုကို စတင်ထူထောင်နိုင်ခဲ့ပြီး ၀ိပဿနာနည်းပြဆရာပေါင်း ၈၀၀ ခန့်ကို မွေးထုတ်ပေးခဲ့သည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ ဖွင့်လှစ်ထားရှိသည့် တရားရိပ်သာ ပေါင်း ၂၀ ရှိသည်။
ဆရာကြီး ဦးဂိုအင်ကာသည် အင်္ဂလိပ်၊ ဟိန္ဒိဘာသာများဖြင့် စာနှင့်ကဗျာများရေးသားခဲ့သလို ဆရာကြီး၏
ဆယ် ရက်ဝိပဿနာသင်ခန်းစာဆိုသည့် စာအုပ်မှာ ကမ္ဘာ၌ လူသိများသည်
ဦးဂိုအင်ကာသည်
စက်တင် ဘာ ၂၉ ရက် ည ၁၀ နာရီ မိနစ် ၄၀ တွင်
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ၎င်း၏နေအိမ်၌ လူကြီးရောဂါ ဖြင့် အေးချမ်း စွာ ကွယ်လွန်သွားခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက် ၉၀ အရွယ် ရောက်ရှိခဲ့ပြီဖြစ်သည်

No comments:

Post a Comment