January 2, 2014

***** သဘာဝဘာသာ *****




ဗုဒ္ဓဘာသာသည် သဘာဝဘာသာဖြစ်သည် ။
သဘာဝ
 သဘာဝဘာသာ
**
တရားသည်လူတိုင်းနှင့်ဆိုင်သကဲ့သို့  ဗုဒ္ဓဘာသာက သတ်မှတ်ထားသော ငါးပါးသီလသည် လူတိုင်းနှင့်ဆိုင်၏။

ဥပမာတစ်ခုဖြင့်ရှင်းပြပါအံ့ ။
ကြက်ဟင်းခါးသီးကိုစားလျှင် မည်သည့်ဘာသာဝင်စားစားခါးသည် ။
ဘာသာပြောင်းသောကြောင့် ခါးသော သဘာဝတရားသည် ပြောင်းမသွားပေ။

ထို့ အတူ==============
သူများအသက်ကိုသတ်လျှင်မည် မည်သည့်ဘာသာဝင်ကသတ်သတ်
ဖြစ်ရာဘဝတွင် အသက်တိုမည်။ အနာရောဂါများမည်။

အသက်တိုအောင်.အနာရောဂါများ အောင် တန်ခိုးရှင် ဖန်ဆင်းရှင် တစ်ဦးဦးက ပြု လုပ်ပေးခြင်းမဟုတ်။
မိမိကိုယ်တိုင်ကပြုလုပ်ပေးခြင်းဖြစ်၏ ။

သူတစ်ပါးအသက်ကိုသတ်ြ

ခင်းသည် မိမိကိုယ်မိမိ အသက်တိုအောင် အနာရောဂါများအောင် ပြုလုပ်ပေးခြင်းပင်ဖြစ်၏ ။

ထန်းလျက်ကိုစားလျှင် မည်သည့်ဘာသာဝင်စားစား ချို သည်။
ဘာသာပြောင်းသောကြောင့် ချို သောသဘောတရားပြောင်းမသွားပေ။

ထို့ အတူ သူတစ်ပါးအသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါလျှင် အသက်ရှည်သည်။အနာရောဂါကင်းသည်။
ထိုသို့  အသက်ရှည်အောင် အနာရောဂါကင်းစင်အောင် တန်ခိုးရှင်တစ်ဦးဦးကပြုလုပ်ပေးသည်မဟုတ်။
မိမိကိုယ်တိုင်သာ ပြု လုပ်ခြင်းဖြစ်သည်။

သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမှရှောင်ကြဉ်သော

အလုပ်ကိုမိမိကိုယ်တိုင်လုပ်ခဲ့သည်မဟုတ်ပါလော ။

ဗုဒ္ဓဘာသာသည် ယုံကြည်မှုသဒ္ဓါ
ဝေဖန်ဆန်းစစ်မှု ပညာ
ဤတရားနှစ်ပါးဖြင့်တည်ဆောက်ထားသည် ။


 
2004- ခုနှစ်ခန့် ကအီရန်နိုင်ငံတွင် ဘာသာရေးပြဿ နာတစ်ခုဖြစ်ပွားခဲ့သည်။
တက္ကသိုလ်မှပါမေက္ခကြီးတစ်ဦးသည် တက္ကသိုလ်ကျောင်းသူ/သားတို့ 
အား ဘာသာရေးနှင့်ပက်သက်သောသြဝါဒတစ်ခုကို ယခုလိုပြောကြားခဲ့သည်။
တပည့်တို့ ----- ဦးနှောက်အသိဥာဏ်တံခါးကိုဖွင့်ထားကြ .ပိတ်မထားကြနဲ့ ။

သူတစ်ပါးပြောတိုင်းမယုံနဲ့ ။ကိုယ်တိုင်ဝေဖန်ဆန်းစစ်ပြီးမှယုံရမယ်။
တို့ တွေ တက္ကသိုလ်ကဘွဲ့တွေရအောင် ဘယ်တန်ခိုးရှင်ကမှ ဖန်ဆင်းပေးတာမဟုတ်ဘူး။
တို့ ကိုယ်တိုင်ကြိုးစားခဲ့ရတာ ။

ရှင်းအောင်ပြောရရင် တို့ ကိုယ်တိုင် ဖန်ဆင်းယူတာ ။ ယခုပစ္စုပ္ပန်ဘဝမှာတောင် တို့ တွေကို ဘွဲ့ရအောင် လုပ်မပေးနိုင်တဲ့ ဖန်ဆင်းရှင်ဘုရားဟာ တို့ အနာဂတ် ဘဝကောင်းအောင်လည်း လုပ်ပေးနိုင်မှာ မဟုတ်တာ သေချာတယ် ။

ဒါကြောင့်----
မသေချာတဲ့ဖန်ဆင်းရှင်ကို အားကိုးနေမဲ့အစား သေချာတဲ့မိမိကိုယ်ကို
အားကိုးတာဟာ အကောင်းဆုံးပဲ
တပည့်တို့ တနပ်စာအသုံးပြုရမယ့်ဟင်းရွက်.
ကန်စွန်းရွက်ဝယ်တာတောင်အပုပ်များပါသလား.

အရိများပါသလား.အနွမ်းများပါ
သလားဆိုပြီး ရွေးချယ်ဆန်းစစ်ရသေးတယ် ။

သံသရာတစ်လျှောက်ကိုးကွယ်တဲ့ဘာသာကျမှ မရွေးချယ် မဆန်းစစ်ပဲ
မိဘကိုးကွယ်တိုင်း လိုက်ကိုးကွယ်မယ်ဆိုရင် မင်းတို့ ငါတို့ လောက်မိုက်တာ လောကမှာ မရှိဘူး ။

ဒါကြောင့် ဘာသာကြီးလေးခုလုံးကိုလေ့လာပြီး သဘာဝအကျဆုံး.ယုတ္တိအရှိဆုံး.ပညာရှိသူတော်ကောင်းတွေ
လက်အခံဆုံးဘာသာကိုသာ ရွေးချယ် ကိုးကွယ်သင့်တယ် ။
 

ဤစကားသည် သဒ္ဓါ.ပညာနှစ်ပါးဖြင့်တည်ဆောက်ထားသော ဗုဒ္ဓဘာသာဝင်များအတွက်အလွန်
ကောင်းပြီး အနှစ်သာရပြည့်သောစကားဖြစ်ပါသည် ။
 

သို့ သော် အီရန်အစိုးရတရားရုံးက ကျောင်းသားများကို အီမန်
( ယုံကြည်ချက် ) ပျက်အောင်လုပ်သည်ဟူသောပြစ်မှု
ဖြင့် ပါမောက္ခကြီးကို သေဒဏ်ချမှတ်ခဲ့ပါသည် ။

သဒ္ဓါ.ပညာပြည့်ဝသောလူသားများဖြစ်နိုင်ကြပါစေလို့ 
ဆုတောင်းရင်း

 
  မူရင်း ။  ။   ။မိုးတိမ် (မန္တလေး မစိုးရိမ်ကျောင်းတိုက် )

မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတီတော်များ ဆိုဒ်မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment