November 16, 2013

* အရှင်နန္ဒာဘိဝံသ၏ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် နိဗ္ဗာန်ချမ်းသာကို လမ်းညွှန်မှု။

နိဗ္ဗာန်ချမ်းသာကို ရဖို့ ရာ အကျင့်တရား အမှန်က မဂ္ဂင်ရှစ်ပါး အကျင့်တရားဘဲ
ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပြောရရင်=="သမ္မာဝါစာ"=စကားအပြောကို
ထိန်းသိမ်းစောင့်ရှောက် ရမယ်။ စကားပြောဆိုတဲ့အခါ  အပြစ်ကင်းတဲ့ စကားမျိုးကိုဘဲ
ပြောရမယ်။ ။"သမ္မာကမ္မန္တ"=အပြစ်ရှိတဲ့ အလုပ်ကနေ ရှောင်ကြဉ်ပြီး အပြစ်ကင်းတဲ့
အလုပ်မျိုးကို လုပ်ရမယ်။ "သမ္မာအာဇီဝ"=အပြစ်ရှိတဲ့ အသက်မွေးမှုမျိုးကို မမွေးဘဲ၊
အပြစ်ကင်းတဲ့ အသက်မွေးမှုကို မွေးရမယ်။ ဒါဟာအခြေခံ သီလပိုင်းဆိုပြီး မြတ်စွာ
ဘုရား ဟောတော်မူတယ်။
      သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ငါလုပ်ထားတာတွေ အကုန် အကောင်းတွေ
ချည်းပဲ ဆိုပြီး တွေးလိုက်ရင် ၀မ်းသာရတယ်။ ၀မ်းသာတယ်ဆိုတာ "ပါမောဇ္ဖ"ပဲ။
ဝမ်းသာတော့ ကြည်နူးပီတိ ဖြစ်တယ်။ ကြည်နူးမှု ပီတိဖြစ်လာရင် "ပဿဒ္ဓိ" ငြိမ်း
ချမ်းလာတယ်။ ငြိမ်းချမ်းရင် "သုခ" စိတ်ကလေး အေးပြီး ချမ်းသာတယ်။ စိတ်အေး
ပြီး ငြိမ်းချမ်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ "သမာဓိ" ဆိုတာ ဖြစ်လာတာပဲ။ သမာဓိ
ဖြစ်လာပြီဆိုရင် "ယထာဘူတဥာ
ဏဒဿန" မှန်မှန်ကန်ကန် သိမြင်လာတဲ့ အသိ
ဥာဏ်ဆိုတာ ရလာတာပဲ။
      သီလဆောက်တည် ပြီးတဲ့အခါ သမာဓိ ကျင့်စဉ်ကို ကျင့်ရမယ်။ သမာဓိ ကျင့်
စဉ်ကို ကျင့်တဲ့အခါမှာ စိတ်ကို အာရုံတစ်ခုပေါ်မှာ ထားဖို့ ဆိုတာ လုံ့ လ၀ီရိယ မပါ
ဘဲ မရဘူး။ "စေတသိက ၀ီရိယ" လို့ ခေါ်တယ်။ "သမ္မာဝါယာမ" =မိမိစိတ်ထဲ မဖြစ်
သေးတဲ့ အကုသိုလ်တွေ ၀င်မလာအောင်၊ ဖြစ်ပြီးသား အကုသိုလ်တွေ ဖယ်ရှားနိုင်
အောင်၊ ကုသိုလ်မဖြစ်သေးရင် ဖြစ်အောင်၊ ဖြစ်ပြီးသား ကုသိုလ်တွေ ထပ်တိုးအောင်
လုပ်ခြင်း၊ ဆိုတဲ့ မှန်ကန်တဲ့ လုံ့ လ၀ီရိယနဲ့  ကြိုးစားအားထုတ်ဖို့  လိုတယ်။ ။
      အဲဒီ သမ္မာဝါယာမ ကြိုးစားအားထုတ်ပြီ ဆိုရင် "သမ္မာသတိ" =သတိထားဖို့ 
လိုအပ်တယ်။ သတိ ဘယ်မှာထားရမလဲ ဆိုရင် အာရုံပေါ်မှာ စိတ် စိုက်ထားရမယ်။
"ကာယ ဝေဒနာ စိတ္တ ဓမ္မ" ဆိုတဲ့ ကိုယ့်သန္တာန်မှာ ရှိတဲ့ ခန္ဓာကိုယ်ရယ်၊ ခံစားချက်
ရယ်၊ အသိစိတ်လေးရယ်၊ ကျန်တဲ့သဘာဝ တရားတွေရယ်၊ အဲဒါတွေ အပေါ်မှာ
စိတ်စိုက်ထားရမယ်။ စိတ်ကို ငြိမ်အောင်လုပ်ရမယ်။ စိတ်ကိုစုစည်း ပေးလိုက်ရင်
စွမ်းရည်တက်လာတာကို "သမာဓိ" လို့ ခေါ်တယ်။
      သမာဓိ ရလာရင် မှန်မှန်ကန်ကန် စဉ်းစားပြီး မှန်မှန်ကန်ကန် မြင်လာဖို့  အင်
မတန်မှ လွယ်ကူသွားတယ်။ "သမ္မာသမာဓိ"  ဖြစ်တာပေါ့။ သီလကို အခြေခံပြီး
သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ နဲ့  "သမ္မာသင်္ကပ္ဖ" ဆိုတဲ့ မှန်ကန်တဲ့အတွေး
မှန်ကန်တဲ့အလုပ် လုပ်လိုက်ရင် ကိုယ့်သန္တာန်မှာ "သမ္မာဒိဌိ" ဆိုတဲ့ အသိဥာဏ်
ပေါ်လာတယ်။ အဲဒီ သမ္မာဒိဌိ ဆိုတဲ့ အသိဥာဏ်က ၀ိပဿနာနဲ့ ပေါ်ရင် ၀ိပဿနာ
ဥာဏ်ပဲ။ ၀ိပဿနာရင့်သန်သွားရင် မဂ်ဥာဏ်။ မဂ်ဥာဏ်ပြီးရင် ဖိုလ်ဥာဏ်ဖြစ်တယ်။
အဲဒီ မဂ်အနေနဲ့  ပေါ်လာတဲ့ သမ္မာဒိဌိက နိဗ္ဗာန်ကို မြင်နိုင်သွားပြီ။  ဖိုလ်အနေနဲ့ 
ပေါ်လာတဲ့ သမ္မာဒိဌိ ကျတော့ နိဗ္ဗာန်ရဲ့  အရသာကို ခံစားနိုင်သွားပြီ။
      ဒါကြောင့် နိဗ္ဗာန်ချမ်းသာ ရတဲ့အထိ ကောင်းသောအကျိုး ပေးနိုင်သော မဂ္ဖင်
ရှစ်ပါး အကျင့်တရားကို ကျင့်ကြံကြိုးစား အားထုတ်နိုင်ကြပါစေ။ ။
 {၁၃၇၂ ခု ပထမ၀ါဆိုလဆန်း(၂) ရက်၊ ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏမြို့ ၌
အရှင်နန္ဒမာလာဘိဝံသ(PhD) ဟောကြားတော်မူသော “ ကုသိုလ်ဖြစ်အောင် သတိ
ဆောင် ” တရားကို ကိုးကားရေးသားပါသည်။}
    “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
-------------------------------------------------

No comments:

Post a Comment