January 6, 2017

တရားနာခြင်းဖြင့်​ရရှိနိင်​​သောအကျိုးများ


* မြတ်​စွာဘုရားလက်​ထက်​ တစ်​ရားတစ်​ပွဲပြီးဆုံးလျှင်​ အသိဥာဏ်​ရှိတဲ့ ပါရမီပြည့်​ဝတဲ့ ပုဂ္ဂိုလ်​တွေ
* ထူးခြားစွာပါရမီရှိတဲ့သူ​တွေက တစ်​မဂ်​တစ်​ဖိုလ်​ရသွားကြတယ်​ တရားနာရင်​ဘဲ အသိဥာဏ်​ထူး​တွေရသွားကြတယ်
* ဘယ်​လိုနာယူကြလို့ ဒီလိုထူးခြားတဲ့ တရားမြတ်​​တွေ ရလဲဆိုရင်​ ပါရမီရှိလို့လို ​ဖြေမဲ့သူများပါတယ်
* သို့​သော်​ အဲ့ဒီပုဂ္ဂိုလ်​ပါရမီရှိတာမရှိတာ အသာထား သူတို့တရားနာနည်း​လေး​ပြောရမယ်​ဆိုရင်
* ဟတ္ထိကတွာ ...လိုလိုချင်​ချင်​နဲ့ နာတယ်​ နာယူတဲ့အခါမှာ တခြားအာရုံမ​ရောက်​ပဲနာတယ်
* မှတ်​သားလိုက်​နာလို့တဲ့စိတ်​နဲ့နာယူတယ်​ သတိသမ္ပဇဉ်​နဲ့ နာယူတယ်
* အာရုံနဲ့စိတ်​ ဆုံ​တွေ့​​အောင်​ စိတ်​ကိုထိန်း​ပေးတယ်​ စိတ်​ဟာ ဓမ္မအာရုံမှ လွဲ၍တခြားမသွား​အောင်​ သတိနဲ့ထိန်း​ပေးတယ်
* သတိ​ကြောင့်​ ကျင့်​သုံးရမယ့်​ အရာ​တွေကို တခဏအတွင်း ရှင်းကနဲ့ဖြစ်​​အောင်​ထိန်း​ပေးတယ်
* လိုက်​နာကျင့်​သုံးမှုကိုလည်း​ပေးတယ်​ သတိမပါဘဲ ပညာဆိုတာ မရှိဘူး
* သတိကင်းတဲ့ ပညာဆိုတာ မဖြစ်​ဘူး သတိပါမှ ပညာဖြစ်​တယ်​ သတိရှိလာရင်​ ဓမ္မ အ​ပေါ်မှာ ယုံကြည်​မှုရှိလာတယ်
* ဒါ​ကြောင့်​မို့ တရားပွဲတစ်​ပွဲမှာ ကြီးမားတဲ့ရလာဒ်​​တွေကို ရတယ်​ ဒီလိုဆိုတယ်​ ဆိုပါစို့
* အနာထပိဏ္ဍသူ​ဌေးကြီးက သားကိုတရားနာခိုင်းတာ ပိုက်​ဆံ​ပေးခိုင်းတယ်​ ​နောက်​ ​သေချာမှတ်​သာနာယူနိင်​ရင်​ ပို​ပေးမယ်​​ပြောတယ်
* မှတ်​မိ​အောင်​နာခြင်းကလည်း တရားလိုချင်​စိတ်​ကိုဖြစ်​​စေတယ်​ မနဿိကတွာ စိတ်​ထဲနှလုံးထဲ့မှာ မှတ်​မိ​အောင်​ အကုန်​လုံးကို သတိနဲ့ထည့်​ပြီးနာယူတယ်
* နားစိုက်​ပြီး​ထောင်​တယ်​ စိတ်နဲ့နှလုံးသွင်းတယ်
* ပါရမီဆိုတာ ခုတရားနာ​နေနိင်​တာကိုဘဲ ပါရမီပါလို့​ပေါ့ ပါရမီမပါရင်​မနာရဘူး
* တရားနာတဲ့​နေရာရှိ​နေရက်​နဲ့မ​ရောက်​တာ တရားနာခွင့်​ရရက်​နဲ့မနာနိင်​တဲ့ပုဂ္ဂိုလ်
* တရားမရှိတဲ့​နေရာ အရပ်​​ဒေသမှာ ​နေရတာ တရားသံ​တွေကြား​နေရက်​နဲ့ မနာချင်​တာ
* ဒါ​တွေက ပါရမီမရှိလိုဘဲ​ပေါ့ တရားမနာရရင်​ ဆုံးရှုံးမှု​တွေဖြစ်​နိင်​တယ်
* ဒီလိုနဲ့ တရားအပြင်​ဖက်​​ရောက်​သွားကြတယ်​ တရားမနာရင်​ ဆုတ်​ယုတ်​ပျက်​ဆီးပြား လာနိင်​တယ်
* တရားနာရင်​ တရားထူးတရားမြတ်​မရရင်​​တောင်​ အသိဥာဏ်​ပညာ​တွေရရှိနိင်​တယ်
* မြတ်​စွာဘုရား လက်​ထက်​ရဟန်း​တော်​​တွေ တရားနာရင်
* အတ္ထံကတ္တ၀ါ မနုဿိကတ္တ၀ါ သဗ္ဗ​စေတ္တဿ သမ္မာနာဟတ္ထိဝါ နှစ်​ဖက်​စလုံးမလွတ်​​စေဘဲနာတယ်
* သြဟိတ​သောတ တရားအ​ပေါ်မှာ ဦးတည်​ပြီး​တော့ စိုက်​နာတဲ့ နားရှိတယ်
* ဓမ္မံ သုနာသိ ဒီလိုနာရင်​တရားပွဲကရရှိတဲ့ အကျိုးအမြတ်​​တွေကို တစ်​​ယောက်​နဲ့တစ်​​ယောက်​ မတူရင်​သာ​နေမယ်
* အနည်းဆုံး​တော့ အသိဥာဏ်​​တွေရရှိမယ်
* ထူးခြားတဲ့ ​သောတာပန်​ သကဒါမဂ် အနာမဂ် ​တွေမရ​တောင်​ မိမိရဲ့လုပ်​ရပ်​နဲ့သက်​ဆိုင်​တယ်
* သူ​တော်​​ကောင်းတရား​တွေက စိတ်​ကို​အေးချမ်း​စေတယ်​ အသိဥာဏ်​​တွေတိုးပွား​စေတယ်
* နတ်​ လူ​တွေက ​တွေ​ဝေ​နေကြတယ်​ ဘယ်​ကလာမှန်းမသိ ဘယ်​ကိုသွားရမှန်းမသိကြဘူး
* မြတ်​စွာဘုရား ရဲ့တရား​တော်​ကို နာခြင်းဖြင့်​ အလင်း​ရောင်​ရပြီး သွားရမဲ့လမ်းကို သိကြမယ်
* မြတ်​စွာဘုရားက လမ်း​ကြောင်းကြီးကို ​နောက်​ဆုံး​သေချာကျင့်​သုံးပြီးမှ ​ဟောကြားတဲ့တရား​တော်​က
* ခန္ဓာ ၅ပါးတရား .ခန္ဓာ ၅ပါးကို ငါလိုထင်​​နေကြတယ်​ မျက်​စိ ဆိုတာငါလို့ထင်​တယ်​ အစကတည်းက အမြင်​ နဲ့
* ဒီလိုမြင်​တာကို ငါမြင်​တယ်​လို့ထင်​တယ်​ ငါမြင်​ရင်​ ​သောကပရိ​ဒေ၀ ​တောက်​​လောင်​​နေမှာဘဲ
* ကိုယ်​မပိုင်​ကိုယ်​မဆိုင်​တဲ့အရာလို့ အစကတည်းက သတ်​မှတ်​ထားရင်​ အနိစ္စ ဒုက္ခ အနတ္တ လိုမှတ်​ရင်
* ငါ​ပျောက်​သွားပြီး တဏှာကင်း တွယ်​တာမှုကင်း ​သောကမလား​တော့ဘူး ​သောကမလားရင်​ မပူ​လောင်​​တော့ဘူး​ပေါ့
* ပူ​လောင်​မှု​တွေကင်းရင်​ ခန္ဓာ ၅ပါးကို ဒီလိုမြင်​ရင်​ နိဗ္ဗာန်​ မြင်​တာဘဲ တစ်​မဂ်​ တစ်​ဖိုလ်​ရနိင်​တယ်
* တွယ်​တာမှုကင်းရင်​ အမှန်​သိလို့ သမ္မတ္တနိယာဆိုတဲ့ နိဗ္ဗာန်​ လမ်း​ကြောင်းကို​ရောက်​တယ်
* မဂ္ဂသစ္စာကိုသိတာ သစ္စာ​လေးပါးကိုသိသွားတယ်​ အရိယာတို့​ဟောတဲ့သစ္စာကိုသိတာ သစ္စာသိတယ်​ဆိုတာ ၀ိပဿနာ သိတာ
* ၀ိပဿနာ ဆိုတာ ဒုက္ခသစ္စာ ကို ရှင်းရှင်းလင်းလင်းသိမြင်​သွားတယ်
* ဒုက္ခသစ္စာအ​ပေါ်မှာ မဂ္ဂသစ္စာ နဲ့အလုပ်​လုပ်​​နေ​တော့ ဒုက္ခ သမုဒယကိုပယ်​လိုက်​တာ
* ဒါက၀ိပဿနာကို အကျဉ်းချုပ်​ ​ဟောတာ
* မဂ္ဂင်​ရှစ်​ပါးကိုထူ​ထောင်​​တော့ ဒုက္ခသစ္စာ​ပေါ်မှာထူ​ထောင်​တယ်
* ဒုက္ခ ဆိုတာ ခန္ဓာ ၅ပါး အဲ့ဒီဒုက္ခအ​ပေါ်မှာ အမှန်​မြင်​​အောင်​ သီလ သမာဓိ ပညာဆိုတဲ့ မဂ္ဂသစ္စာ နဲ့ကြည့်​တာ
* သီလက သမာဓိကို​ထောက်​ပံ့တယ်​ ပညာက သမာဓိကို​ထောက်​ပံ့တယ်​ ၀ိပဿနာ ဆိုတာ ဓာတ်​ခွဲခန်းဝင်​​နေသလို့ဘဲ
* သဘာဝတရားရဲ့ ချုပ်​ငြိမ်းရာအ​ကြောင်းတရားကို ​တွေ့မြင်​နိင်​တယ်
* အရိယာ​သစ္စာ​တွေကို ​ကောင်း​ကောင်း သိမြင်​​စေတယ်​ * ဒါ​ကြောင့်​ တရားတစ်​ပွဲနာရခြင်းရဲ့ အကျိုးအမြတ်​​တွေဟာ မ​ရေမတွက်​နိင်​ရနိင်​တယ်
* တို့တ​တွေဟာ လည်းတရားပွဲက အကျိုးအမြတ်​​တွေရ​အောင်​ စူးစိုက်​နှလုံးသွင်းပြီး နာကြပါစို့လို့ ကိုယ်​ဆီကိုယ်​ဆီ နှလုံးသွင်းနိင်​ကြပါ​စေ...

သာဓု သာဓု သာဓု

ပါ​မောက္ခချုပ်​ ဆရာ​တော်​ဘန္တန္ဒ​ဒေါက်​တာနန္ဒမာလာဘိဝံသ တရား​တော်​အသံဖိုင်​မှ ကူးယူပူ​ဇော်​သည်​။

(*ပန်းခ​ရေ *)  ၆ . ၁ . ၂၀၁၇


No comments:

Post a Comment