July 18, 2015

ရွှေကျောင်းကုန်းဆရာတော်၏ မစွဲစေနဲ့။


         လှူတယ်၊ ပေးကမ်းတယ်ဆိုတာ လောဘကိုဖြတ်တဲ့ အလောဘစိတ်ပါ။ လှူဒါန်းရာမှာ
ပြတ်သားဖို့လိုပါတယ်။ လှူပြီးရင် မစွဲကြနဲ့။ ကျောင်းကြီးဆောက်လှူတယ် ဒါဟာ ငါ့ကျောင်း
ဆိုပြီးတော့ ကျောင်းကို လက်ဝါးကြီးအုပ်ချင်တယ်၊ ချယ်လှယ်ချင်ကြတယ်။ ဘယ်သူ ဘယ်ဝါ
နေရမယ်ဆိုတာ မလုပ်ရဘူး။
         လှူပြီးရင်စွန့်လွှတ် ရေစက်ချပြီးရင် ငါ့ကျောင်း မဟုတ်တော့ဘူး။ ငါ့ကျောင်းဆိုရင်
သက္ကာယဒိဌိ ဖြစ်ပြီး အပါယ်လားကြောင်း ဖြစ်တယ်။ စွန့်လွှတ်ပါ၊ ငါ့ကျောင်း မဟုတ်ပါဘူး။
ထပ်ပြီး ပြုပြင်မွမ်းမံတာ နောက်ထပ် ကုသိုလ်တိုးပါတယ်။
          ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီဥေယျဓမ္မသာမိထေရ် ဆရာတော်ဘုရားကြီးက
အလှူဒါနကို ဒီလိုဟောထားပါတယ်။
       -- ဒါနပြုတယ်ဆိုတာ စွန့်လွှတ်ခြင်းပဲ၊
       -- ကျောင်းဆောက်လှူပြီးရင် ကျောင်းကိုစွန့်ရမယ်။ အစွဲမထားရဘူး။
       --ပစ္စည်းလှူရင် ပစ္စည်းကို စွန့်ရတယ်။ စွန့်တဲ့နေရာမှာလည်း စိတ်ထား လေးမျိုး ရှိရမယ်။
       ၁။ စွန့်ပြီးမှာတော့ လွတ်လွတ်စွန့်၊ မစင်စွန့်တဲ့အခါ ထားတဲ့စိတ်မျိုး။
       ၂။ စွန့်ပြီးမှာတော့ ဘာမှမငြိတွယ်နဲ့၊ မစင်ပုံ လှည့်မကြည့်သလို စိတ်ထားမျိုး။
       ၃။ စွန့်ပြီးဆိုတော့ ငါ၊ ၀တ္ထု၊ ပုဂ္ဂိုလ်သုံးမျိုးက လွတ်ပါစေ။ မစင်ကိစ္စ မတွေးမိသလိုမျိုး။
       ၄။ စွန့်ပြီးဆိုမှတော့ အသွားနောက် အပြန်မပေါ်စေနဲ့၊ မစင်ကိုစွန့်လို့ နောင်ရမယ့်အကျိုး
မမျှော်ခဲ့သလို စိတ်ထားမျိုး။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ယမမင်းနှင့် ဖုန်းပြောခြင်း၊ ဧည့်သည်တွေအတွက် အလုပ်ရှုပ်နေ
        သူတွေမှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment