May 22, 2015

၁၀ ပါး သီလကို အသက်ထက်ဆုံး စောင့်ထိန်းကြသူများ။


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
    ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ၀ိနည်းသီလများကို စောင့်ထိန်း
ရ၏။ ရဟန်းဖြစ်ပြီးလျှင် ပြီးချင်း အထူးဆောက်တည်နေဖို့ မလိုဘဲ အလိုလို ဆောက်တည်ပြီးသား ဖြစ်
သွားပြီးလျှင် စောင့်စည်းထိန်းသိမ်းရန် တာဝန်အပြည့် ရှိလာတော့၏။ ရှင်သာမဏေများမှာ ၁၀
ပါး သီလကို ဆောက်တည် စောင့်ထိန်းရ၏။

         လူအများမှာ ၅ ပါး သီလ၊ ၈ ပါး သီလ၊ (၈ ပါး သီလတွင် မေတ္တာစိတ်ထားကို ထည့်၍ )
၉ ပါး သီလ၊ အာဇီဝဌမက သီလ များကို ဆောက်တည် စောင့်ထိန်း ကြရ၏။ စွမ်းနိုင်လျှင် ၁၀
ပါး သီလကိုလည်း စောင့်ထိန်းနိုင်၏။ (၀ိသုဒ္ဓိ ၁၊ ၁၅။ ဣတိ ဌ၊ ၁၉၄ )
         ကဿပ ဘုရားရှင် လက်ထက်တော် အခါ၌၊ ဃဋိကာရ အိုးထိန်းသည်၊ ကိကီ မင်းကြီး၏
သမီး ၇ ယောက်၊ ဂေါတမဘုရားရှင် လက်ထက်တော်အခါ၌ ဟတ္ထက ဥပသကာ၊ ဟတ္ထာဠ၀က
ဥပသကာ စသည်တို့  ၁၀ ပါး သီလကို အသက်ထက်ဆုံး ဆောက်တည် ထိန်းသိမ်းကြပါ၏။ ။
{လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာမှ ကူးယူရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

No comments:

Post a Comment