August 25, 2014

ကံ ၂-မျိုးရှိ။

ဒီတော့ ဘုန်းကြီးတို့ ဒီနားရပ်ပြီး စဉ်းစားရမှာက ဘုန်းကြီးတို့ သန္တာန်မှာ ဘဝများစွာက အကုသိုလ်ကံ
ရဲ့ အကုသိုလ်သတ္တိတွေ အများကြီးရှိပေလိမ့်မယ်။
ကုသိုလ်ကံရဲ့ ကုသိုလ်သတ္တိတွေလဲ အများကြီးရှိပေလိမ့်မယ်။
ဒီလို ပထမ စဉ်းစားရမယ်။

ဒီလို စဉ်းစားပြီးတော့ အဲဒီ ကုသိုလ်ကံ, အကုသိုလ်ကံတွေထဲက အကျိုးမပေးရင် မနေနိုင်လောက်
အောင် ကြီးကျယ်တဲ့ ကံတွေကတော့ ပေးပြီးပြီ။
အကျိုးမပေးရင် မနေနိုင်လောက်အောင် ကြီးကျယ်တဲ့ အကုသိုလ်ကံတွေကလဲ ပေးပြီးပါပြီ။
အခုကျန်တာကတော့ အခွင့်သင့်တဲ့အခါ အကျိုးပေးဖို့လို့ မလိုလဲလိုလဲ ကံတွေ ကုသိုလ်ကံတွေကလဲ
အကျိုးမပေးရရင် မနေနိုင်လောက်တဲ့ ဈာန်ကုသိုလ်တွေ ဘာတွေ ပေးပြီးပြီ။
အဲ အခုကျန်တဲ့ ကုသိုလ်တွေကတော့ အခွင့်သင့်တဲ့အခါ အခွင့်သင့်သလို ပေးမယ်လို့ ကျန်နေတဲ့
ကံတွေကတော့ ပြည့်လို့။
မကောင်းဖက်က ကြည့်လိုက်လဲ ပြည့်လို့။
ကောင်းတဲ့ကံဘက် ကြည့်လိုက်လဲ ပြည့်လို့။
ဘုန်းကြီးမှာရော, အားလုံး သံဃာတော်တွေမှာရော, အလှူ့ဒကာ အလှူ့အမဆွေမျိုးသားချင်းတွေ
မှာရော ပြည့်လို့။
ဒါတွေ နားလည်ထားဖို့ သိပ်ကောင်းတာပဲ။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)

No comments:

Post a Comment