အားမှသေမှာလား ?၊ သေမှအားမှာလား ?။
* ကမ္ဘာပေါ်မှာ၊ နေ့စဉ်နဲ့အမျှ
လူတွေ မရေမတွက်နိုင်အောင်
သေနေကြတာ၊
အားလို့ သေတဲ့မသာ
တစ်ယောက်မှ မရှိပါဘူး။
မအားတဲ့ကြားထဲက
သေသွားကြတဲ့ မသာတွေချည်းပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင်
အားတဲ့သူကိုလည်း ခေါ်မှာပါ။
မအားတဲ့သူကိုလည်း ခေါ်မှာပါ။
သေမင်းမှာ တပည့်မွေးပြီး
လူရွေးတဲ့ မူ၊ မရှိပါဘူး။
ဒီတော့.. မအားတဲ့ကြားက
သေမင်းလာခေါ်ရင်
အချိန်မရွေး လိုက်သွားရမှာပဲ
ဆိုတာကို ကြိုတင်ပြီးတော့
နှလုံးသွင်း ဆင်ခြင်ထားမယ်ဆိုရင်
မအားလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့
တရားဓမ္မကို
မျက်နှာလွှဲတဲ့ အဖြစ်ကို
ရောက်မှာမဟုတ်တော့ပါဘူး။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူရေးသား
ပူဇော်ပါသည်။ }
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment