အရှင်ဝါယာမိန္ဒ၏ သြဝါဒကထာ။
မျက်စိသန်စွမ်း၊ မြင်နိုင်စွမ်းလည်း
မျက်ကန်းသောသူပမာယူ၊ နည်းတူကျင့်ရမည်။
နားမှာသန်စွမ်း၊ ကြားနိုင်စွမ်းလည်း
နားကန်း(ထိုင်း)သောသူပမာယူ၊ နည်းတူကျင့်ရမည်။
ပါးစပ်နှုတ်ခမ်း၊ ပြောနိင်စွမ်းလည်း
အနှမ်းသောသူပမာယူ၊ နည်းတူကျင့်ရမည်။
အားအင်သန်စွမ်း၊ ပြုနိုင်စွမ်းလည်း
မကျန်းမာသောသူပမာယူ၊ နည်းတူကျင့်ရမည်။
လူကြီးလူငယ်မရွေးချယ်၊ အလွယ်သိတဲ့တရား။
မသေခင်က အခြေကျ၊ အသေလှတဲ့တရား။
အနတ္တပေါက်၊ အတ္တပျောက်၊ ဝမ်းမြောက်ရတဲ့တရား။
ကိုယ်အမူအရာ၊ ပေါ်တိုင်းမှာ၊ မှန်စွာရှုရမည်။
နှုတ်အမူအရာ၊ ပေါ်တိုင်းမှာ၊ မှန်စွာရှုရမည်။
စိတ်အမူအရာ၊ ပေါ်တိုင်းမှာ၊ မှန်စွာရှုရမည်။
ကိုယ် နှုတ် စိတ်မှာဖြစ်ပေါ်တာ၊ မှတ်စွာရှုရမည်။
သူတော်ဆည်းကပ်၊ မြတ်တရားနာ
လျှော်စွာထုတ်ကျင့်၊ မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား။
ခုလည်းချမ်းသာ၊ နောင်ချမ်းသာ
မြတ်စွာဟောမိန့်ကြား။
No comments:
Post a Comment